သတင်းမီဒီယာအမည်ခံ ခြိမ်းခြောက်ငွေတောင်းသူများကို ဖမ်းပြီ

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကျောက်ဖူး သစ်တောကြိုးဝိုင်းအတွင်း ဝါး/မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်သူ များထံမှ ခြိမ်းခြောက်ငွေတောင်းခံသည့် မှုခင်းသတင်းစုံနှင့် အွန်လိုင်းသတင်း အေဂျင်စီ၊ နေပြည်တော်တိုင်းမီဒီယာ အဖွဲ့မှဟုဆိုသူ ဇေယျာလင်း (ခ) လှိုင်ဌေးနှင့် အဖွဲ့အား ဥသျှစ်ပင် နယ်မြေရဲစခန်း၌ အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။ခြိမ်းခြောက်ငွေတောင်းဖြစ်စဉ်မှာ ကျောက်ဖူးသစ်တော ကြိုးဝိုင်းအတွင်းရှိ ညောင်အေတဲတိုက်သို့ ဇန်နဝါရီ ၃၀ ရက်တွင် နေပြည်တော် ပုဗ်္ဗသီရိမြို့နယ်နေ ဇေယျာလင်း (ခ) လှိုင်ဌေး အပါအဝင် ၁၀ ဦး ရောက်ရှိ လာပြီး ၎င်းင်းတို့မှာ နေပြည်တော်မှ လာသည့်အဖွဲ့ဟု ပြောဆို၍ဒေသခံ ဦးစောနိုင်အပါအဝင် ဝါး/မီးသွေးဖုတ် အလုပ်သမားများ၏ တဲများအား ဓာတ်ပုံ ရိုက်ခြင်း၊ ဦးကိုကိုအောင်၏ တဲပေါ်သို့ တက်ရောက်၍ ဓာတ်ဘူးနှင့် အိုးခွက် ပန်းကန်များအား ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ပြီး မင်းတို့လုပ်ကိုင်နေတာကို အထက်ကို တင်ပြမည်ဟု ခြိမ်းခြောက် ပြောဆိုကာ ငွေကျပ်ကျပ် နှစ်သိန်း တောင်းခံ သွားခဲ့ကြောင်း။၎င်းင်းတို့အဖွဲ့သည် ဇန်နဝါရီ ၃၁ ရက် တွင် သစ်တောကြိုးဝိုင်းရှိ ဂွကြီးတဲတိုက် သို့ ထပ်မံသွားရောက်ပြီး မစန်းဌေး၏ ဝါး/မီးသွေးဖုတ် လုပ်ငန်းများအား ဓာတ်ပုံရိုက်၍ ခြိမ်းခြောက်ငွေတောင်းခံ ခဲ့ကြောင်း၊ ဆက်လက်၍ ကျောက်တံခါး တဲတိုက်သို့ သွားရောက်၍ ဝါးခုတ်အလုပ် သမားခေါင်းဆောင် ကိုဇော်ကြီးနှင့် အဖွဲ့အား ခြိမ်းခြောက်ငွေတောင်းခံစဉ် စကားများရန်ဖြစ်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း။ဝန်ခံထွက်ဆိုယင်းကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဥသျှစ်ပင်နယ်မြေရဲစခန်း၌ နှစ်ဖက်အပြန်အလှန် အမှုဖွင့်တိုင်တန်း သဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း၊ ၎င်းင်းအဖွဲ့သည် လွန်ခဲ့သော ၄၊ ၅ ရက် ခန့်က သနီချောင်းအနီးရှီ ဝါး/မီးသွေး ဖုတ်လုပ်ကိုင်သူများထံမှလည်း ငွေကျပ်ကျပ် ၁၀ သိန်း ခြိမ်းခြောက်တောင်းယူခဲ့ သည်ဟု ကိုယ်တိုင်ဝန်ခံ ထွက်ဆိုခဲ့ ကြောင်း သိရှိရသည်။ဇေယျာလင်း (ခ) လှိုင်ဌေးသည် ငွေကျပ်ကျပ် ၃၆ သိန်း လိမ်လည်ရယူမှုဖြင့် သာယာဝတီမြို့မရဲစခန်း၌ ရာဇသတ် ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူ ခံထားရသည့် တရားခံပြေးတစ်ဦးဖြစ် ကြောင်းသိရှိရပြီး ၎င်းင်းနှင့်အတူ သွား ရောက်သည့် ၁၀ ဦးလုံးကို ဖမ်းဆီးရမိ ကာ ဥပဒေနှင့်အညီ ထပ်မံအမှုဖွင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Credit – သတင်းစဉ်မြန်မာ့အလင်း

Leave a Reply

Your email address will not be published. Required fields are marked *