ရှုတင်အဖွဲ့သားတွေအကုန် မှင်သက်ငေးမောခဲ့ကြရတဲ့ “ဆေး”သီချင်းနဲ့သရုပ်ဆောင်ထားတဲ့ ဝတ်မှုံရွှေရည်ရဲ့ဗီဒီယို

လက်ရှိမြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးနဲ့ အလှပဆုံးသော မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်ကတော့ သူမရဲ့အနုပညာအပေါ်ထားရှိတဲ့စိတ်ကြောင့်ရော ချစ်စဖွယ်အသွင်အပြင်လေးကြောင့်ပါ ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ ရွှေကစ်လေးက သူမရဲ့ရှုတင်က ချစ်စရာဗီဒီယိုလေးတစ်ခုကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဆိုတော် ကော်နီရဲ့”ဆေး” သီချင်းကို Mood အပြည့်နဲ့သရုပ်ဆောင်ထားတဲ့ ဝတ်မှုံရွှေရည်ရဲ့သရုပ်ဆောင်ချက်တွေကိုတော့ ရှုတင်အဖွဲ့သားတွေအားလုံးက မှင်သက်ငေးမောပြီး ကြည့်ရှုနေကြတဲ့ ဗီဒီယိုလေးက အရမ်းကို ချစ်ဖို့ကောင်းပါတယ်နော်။

ရွှေကစ်လေးကတော့ အဆိုတော် ကော်နီရဲ့ ဆေး သီချင်းနဲ့ ခံစားချက်အပြည့်ထည့်ပြီး သရုပ်ဆောင်နေတာပါနော်။

ရှုတင်အဖွဲ့သားတွေအကုန် မှင်သက်ငေးမောခဲ့ကြရတဲ့ ရွှေကစ်လေးရဲ့ဗီဒီယို

လက်ရှိမှာ အောင်မြင်မှုတွေကို ဆက်တိုက်ရရှိထားတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတဲ့ သူမကိုတော့ ချစ်ရတဲ့ ပရိသတ်တွေက ဒီနှစ်မှာ အကယ်ဒမီဆုကိုလည်း မှန်းထားကြပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း သရုပ်ဆောင်ကောင်းလွန်းတဲ့ နတ်မိမယ်လေး ဝတ်မှုံရွှေရည်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။Credit..momolay

Myint Myat
Source;Wutt Hmone Shwe Yi’s Instagram

Leave a Reply

Your email address will not be published. Required fields are marked *