လုပ်ကြံပြောဆိုထားတာ မရှိဘူးလို့ ဆိုလာတဲ့ သင်းသင်း

ပရဟိတမင်းသားကြီး ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ အလှမယ် သင်းသင်းကတော့ ဒီကနေ့မှာ သင်္ဃန်းကျွန်းတရားရုံးကို ဒုတိယမြောက် ရုံးချိန်းအဖြစ် တက်ရောက်လာခဲ့ပါတယ်။ ဒီကနေ့ ရုံးချိန်းမှာတော့ တရားသူကြီး အပြောင်းလဲရှိလို့ အမှု မစစ်လိုက်ရဘူးလို့သိရပြီး အလှမယ် သင်းသင်းကတော့ သူ့အနေနဲ့ ရုံးချိန်းလာတော့ မိန်းမသားဆိုတော့ စိတ်လှုပ်ရှားကြောင်း ပြောကြားသွားခဲ့ပါတယ်။

Sunday နဲ့ အင်တာဗျူးမှာတော့ သင်းသင်းက “ဒီနေ့ကတော့ မစစ်ဖြစ်လိုက်ဘူး။ ဘာလို့လဲဆိုတော့ တရားသူကြီး အပြောင်းလဲရှိလို့ မစစ်ဖြစ်လိုက်ပါဘူး။ ဟိုဖက်က ရှေ့နေရော ဒီဖက်က ရှေ့နေရောပေါ့ နှစ်ဖက်သဘောတူပြီးတော့ ၁၉ ရက်နေ့မှာ စစစ်ပါမယ်။ တရားသူကြီး အပြောင်းလဲကတော့ အစောကြီးကတည်းက ရှိမယ်ထင်တယ်။ ဒါကိုတော့ ကိုယ်လည်း မသိပါဘူး”

“အမျိုးသမီးတွေအတွက် ဥပဒေထုတ်ထားတာ ဖြစ်တဲ့အတွက် ကိုယ်တွေကိုလည်း ဥပဒေက ဆုံးဖြတ်ပေးပါလိမ့်မယ်။ အချိန်ကိုပဲ စောင့်ပေးပါလို့ ပြောချင်ပါတယ်။ အခက်ခဲတွေကတော့ ရှိခဲ့ပါတယ်။ ဒီလိုခက်ခဲတဲ့အရာလေးတွေကတော့ လူ့ဘဝမှာ ဖြစ်ကြတာပါပဲ”

“ထွေထွေထူးထူးတော့ မရှိပါဘူး။ ၁၉ ရက်နေ့မှာ စစ်လည်း ဒီတိုင်းပဲသွားမှာပဲလေ။ စိတ်ဓါတ်ကိုတော့ အများကြီးတော့ ပြင်ဆင်ထားပါတယ်။ ရုံးချိန်းလာရင်ဖြစ်တာကတော့ မိန်းမသားဆိုတော့ နည်းနည်းပါးပါးတော့ စိတ်လှုပ်ရှားတာပေါ့။ လူတွေကိုယ့်ကို ကြည့်တဲ့အပေါ်မှာလည်း ခွဲခြားမှုတွေ မရှိပါဘူး။ လူတွေဆိုတာ ကိုယ့်ကိုချစ်တဲ့သူရှိပါတယ်။ မုန်းတဲ့သူလည်း ရှိပါတယ်။ အဲ့ကြောင့် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ဝေဖန်တိုက်ခိုက်မှုတွေကတော့ ခံရမှာပဲ”

“မိသားစုရဲ့ အားပေးမှုကတော့ ကိုယ့်ရဲ့မိဘအင်အားနဲ့ မွေးချင်းမောင်နှမ အင်အားပဲ ရှိပါတယ်။ အဓိကကလည်း အဲ့ဒါက အဓိကပဲလေ။ အဲ့အတွက် စိတ်ခွန်အားတွေတော့ ရှိပါတယ်”

ဒီအချိန်မှာ အမျိုးသမီးထု အတွက် ဘာပြောစရာ ရှိလဲဆိုတော့ “အခြေနေတခုလေးကို စောင့်ကြည့်ပေးပါလို့ ကိုယ့်ကိုဝေဖန်တိုက်ခိုက်နေတာတွေအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ အားလုံးကို ချစ်ပါတယ်”

မေးမြန်းလာမယ့် ကိစ္စတွေအတွက်ရော ဘာတွေ ပြင်ဆင်ထားလဲဆိုတဲ့ အပေါ်မှာတော့ သင်းသင်းက “ပြင်ဆင်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ဖြစ်ရပ်မှန်လေ။ ကိုယ့်ဖက်က လုပ်ကြံပြီး ပြောထားတာ မဟုတ်တော့ ကိုယ့်ဖက်က ထူးပြီးတော့ ပြင်ဆင်စရာ မလိုပါဘူး” ဟု ဖြေကြားသွား ခဲ့ပါတယ်။

Credit..Nanmalgyi

Leave a Reply

Your email address will not be published. Required fields are marked *