အချုပ်ကားပေါ်မတက်ခင် ပရိသတ်တွေအတွက် စကားလက်ဆောင် ပါးလိုက်တဲ့ အစ္စဏီ

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ ၊ မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားရင်ဆိုင် နေရတဲ့ နိုင်ငံကျော် အဆိုတော် အစ္စဏီရဲ့ တရားရုံးချိန်းတွေကတော့ ယခုလအတွင်းမှာပဲ ၁၀ လ ပြည့်မြောက်တော့မှာပါ ။

အချုပ်ခန်းထဲကနေ တရားရင်ဆိုင် နေရတဲ့ အစ္စဏီဟာ လက်ရှိမှာတော့ အမှုစစ်ဆေးမှုများ မပြုလုပ်နိုင်သေးဘဲ ရုံးချိန်းတွေ ပြီးပြတ်ဖို့ ကြန့်ကြာနေတယ်လို့လည်း သိရပါတယ် ။

အဆိုတော် အစ္စဏီရဲ့ ၂၃ကြိမ်မြောက် တရားရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တရားရုံးမှာ ပြုလုပ်ခဲ့ပြီး နောက်တကြိမ် ရုံးချိန်းအတွက် ရက်ချိန်းကိုသာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။အဆိုတော် အစ္စဏီရဲ့ အမှုတွဲကတော့ တိုင်းဒေသကြီး တရားလွှတ်တော်ကို ရောက်ရှိနေပြီး လက်ရှိမြို့နယ်တရားရုံးကို ပြန်လည် မရောက်ရှိလာသေးတဲ့အတွက် စစ်ဆေးမှုများ မပြုလုပ်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။

ပရိသတ်တွေအတွက် အစ္စဏီတစ်ယောက် ရုံးထုတ်ချိန်မှာ ပြောဆိုခဲ့တာကတော့ “ကျနော် ၁၀ လ ထောင်ထဲမှာ နေရတာပေါ့။ တိုင်းကလည်း ပြန်မကျသေးဘူ။ ကြာနေတာပါ။ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာကို ဘုရား တရားနဲ့ပြန်ပြီးတော့ စိတ်ဓာတ်မကျအောင် လုပ်နေရပါတယ်။ ကျနော့်ပရိသတ်တွေကိုလည်း သတိရပါတယ်။ သီချင်းတွေလည်း ဆိုချင်ပါသေးတယ်” လို့ အဆိုတော် အစ္စဏီက ဖေဖော်ဝါရီ ၇ ရက်နေ့ ရုံးချိန်းမှာ ပြောသွားခဲ့ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ၊ အမှုရင်ဆိုင်နေဆဲ အဆိုတော်အစ္စဏီအတွက် မှတ်ချက်ကနေအားပေးစကားလေးတွေပြောပြခဲ့ကြပါနော်။

credit-celegabar

Leave a Reply

Your email address will not be published. Required fields are marked *