မော်ဒယ် အရမ်းဖြစ်ချင်တဲ့ စိတ်လေးကြောင့် ဓာတ်ပုံဆရာရဲ့ ယုတ်မာမှုထဲကနေ ရုံးမထွက်နိုင်ခဲ့တဲ့ ကောင်မလေး

မော်ဒယ် အရမ်းဖြစ်ချင်တဲ့ စိတ်လေးကြောင့် ဓာတ်ပုံဆရာရဲ့ ယုတ်မာမှုထဲကနေ ရုံးမထွက်နိုင်ခဲ့တဲ့ ကောင်မလေး

ထိုင်ဝမ်က မော်ဒယ် အရမ်းဖြစ်ချင်တဲ့ ကောင်မလေး တစ်ယောက်ကတော့ ဆိုးရွားတဲ့ အဖြစ်ဆိုး တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ထိုကောင်မလေးကတော့ အသက် (၂၂) နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ Naomi Chen အမည်ရှိတဲ့ ကောင်မလေးပဲ ဖြစ်ပါတယ်… သူမကတော့ လူလိမ် ဓာတ်ပုံဆရာ တစ်ယောက်ရဲ့ လှည့်ကွက်ထဲ ရဲရဲကြီး တိုးမိတဲ့အတွက် အဓမ္မပြုကျင့် ခံခဲ့ရရုံသာ မကပဲ အသတ်ပါ ခံခဲ့ရတာပါ…

ဓာတ်ပုံဆရာကတော့ အသက် (၂၄)နှစ်ရှိပြီ ဖြစ်တဲ့ Cheng Yu ဖြစ်ပြီး သူရဲ့ ချစ်သူ ကောင်မလေးကတော့ အသက်(၂၂)နစ် ရှိပြီဖြစ်တဲ့ Liang Ssu-Hui ဖြစ်တယ်လို့ သိရပါတယ်… အသတ်ခံရတဲ့ Naomi နဲ့ Liang Ssu-Hui တို့ဟာ နှစ်နှစ်ကျော်ကြာ ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေ ဖြစ်တယ်လို့လဲ သိရပါတယ်… Cheng Yu ကတော့ သူ့ကိုယ်သူ ဓာတ်ပုံဆရာ တစ်ယောက် ဖြစ်ပါတယ်လို့ Naomi ကိုလိမ်လည်ကာ သူ့ချစ်သူ ကောင်မလေးလို မော်ဒယ်ဖြစ်အောင် လုပ်ပေးမယ်ဆိုပြီး စတင် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်… မော်ဒယ် အရမ်းဖြစ်ချင်တဲ့ Naomi ကတော့ လူလိမ်ရဲ့ လှည့်ကွက်ထဲကို အငိုက်မိကာ သက်ဆင်းခဲ့ မိတယ်လို့ သိရပါတယ်…

၎င်း လူလိမ် ဓာတ်ပုံဆရာကတော့ Naomi ကို အဓမ္မ ပြုကျင်ရုံသာ မကပဲ အသေသတ်ကာ အလောင်းကိုတော့ တိုင်ပေမှာရှိတဲ့ ရှောပင်းမောက ကားပါကင်မှာ စွန့်ပစ် ထားခဲ့တာပဲ ဖြစ်ပါတယ်… Naomi ရဲ့အလောင်းကို စတင် တွေ့ရှိချိန်မှာတော့ အဝတ်အစားများ မပါရှိတော့ပဲ သူမရဲ့ အောက်ခံဘောင်းဘီကလည်း အဝေးတစ်နေရာကို ရောက်ရှိနေတာ ဖြစ်တယ်လို့လဲ သိရပါတယ်…

ထို လူလိမ်ကတော့ Naomi ပိုင်ဆိုင်တဲ့ လက်ကိုင်ဖုန်းကအစ တန်ဖိုးကြီး ပစ္စည်းအားလုံးကို ယူဆောင်ကာ Naomi ပိုင်ဆိုင်တဲ့ credit card ဖြင့် နာမည်ကြီး ကြယ်ငါးပွင့် ဟိုတယ်မှာပါ သွားရောက် နေထိုင်ခဲ့တယ်လို့ သိရပါတယ်…အခုတော့ ထောင်ထဲရောက်နေပါပီ… လူအများ သတိထား ဆင်ခြင်နိုင်စေဖို့အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ခြင်း ဖြစ်ပါတယ်..

 

share from : burmese.asia

Leave a Reply

Your email address will not be published. Required fields are marked *