
[Zawgyi]




Crd

[Unicode]

ပုဂံပြည်ကြီးဟာ မြန်မာတို့ရဲ့ နှလုံးသားတစ်ခုလုံးလို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ပုဂံပြည်မှာ ဘုရားပေါင်း (၁၀၀၀)ကျော်နဲ့ မြန်မာအမွေအနှစ်တွေနဲ့ ပြည့်နေတာကြောင့်ပါ။ ပုဂံကချစ်စရာကောင်းတဲ့ ဓလေ့တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုလို့လည်း ပြောရမှာပါနော်။ UNESCO မှပုဂံ ကိုကမ္ဘာရှေးဟောင်းအမွေအနှစ်အဖြစ် အသိမှတ်ပြုလက်ခံတဲ့နေ ပွဲ့မှာ မအေးသောင်းကတက်ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ဝတ်စုံနဲ့ ပတ်သက်လို့ တခြားနိုင်ငံတွေကလဲ စိတ်ဝင်တစား ဖြစ်နေကြတာလည်းဖြစ်ပါတယ်။ဒီဝတ်စုံလေးကိုတော့ ဒီဇိုင်နာမျိုးမင်းစိုးက ဖန်တီးပေးထားတာဖြစ်ပြီးတော့ ဝတ်စုံလေးရဲ့ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီးတော့လည်း

ဝတ်စုံလေးကိုတော့ ပုဂံဟောက်စ်ကယွန်းလုံးလေးတွေနဲ့ မန္တလေးရွှေချည်ထိုးရယ် ကိုနှစ်ခုပေါင်းစပ်ပြီးဖန်တီးထားတာဖြစ်ပြီးတော့ ခေါင်းဆောင်လေးကိုပါဖန်တီးထားပါသေးတယ်နော်။ UNESCO မှပုဂံ ကိုကမ္ဘာရှေးဟောင်းအမွေအနှစ်အဖြစ် အသိမှတ်ပြုလက်ခံတဲ့နေ ပွဲ့မှာ ဝတ်ဖို့ ချုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီဝတ်စုံလေးမှာ ပုဂံခေတ်အငွေ့အသက်လေးတွေပါအောင် inspire ယူပြီးတော့ ပုဂံက လက်မှု့အနုပညာ ယွန်းထည် ပုတီးစေ့လေးများနဲ့ပေါင်းစပ်ပုံဖော်ပြီး ချုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ (၂ )ရက်တည်းနဲ့အမြန် ဖန်တီးပေးလိုက်ရပေမယ့် စိတ်တိုင်းကျဖန်တီးပေးလိုက်ရလို့အရမ်းကျေနပ်မိရပါတယ် ဆိုပြီးတော့ ဝတ်စုံလေးနဲ့ ပတ်သက်ပြီးတော့ ပြောပြခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ပုဂံမြေရဲ့ယဉ်ကျေးမှုဆိုင်ရာ အငွေ့အသက် အပြည့်နဲ့ ဖန်တီးထားတဲ့ အေးသောင်းရဲ့ ဝတ်စုံလေးအတွက် မှတ်ချက်လေးပြောပြခဲ့ပါဦးနော်။
Crd

Leave a Reply

Your email address will not be published. Required fields are marked *