သရက္သီးမွည့္ စားျခင္းရဲ႕ ေကာင္းက်ိဳးမ်ား

သရက္သီးေတြ ၀င္းၿပီး မွည့္ေနတဲ့ ရာသီမွာ ခံတြင္းၿမိန္ေစမယ့္ အသီးတစ္မ်ိဳးကေတာ့ သရက္သီးမွည့္ပဲ ျဖစ္ပါလိမ့္မယ္။ အပင္ေတြမွာလည္း ၀င္းေရာင္သန္းေနတဲ့ သရက္သီးေတြကို ျမင္ေနရသလို ေစ်းေတြထဲမွာလည္း လွိဳင္လွ္ိဳင္ေပါေနတဲ့ သရက္သီးမွည့္ေတြကို ေတြ႔ေနရပါၿပီ။

သရက္ပင္ကို အပူပိုင္းေဒသေတြမွာ ေပါက္ေရာက္တာမ်ားၿပီးအမ်ိဳးအစားေပါင္းမ်ားစြာ ရွိပါတယ္။ ျမန္မာႏုိင္ငံမွာေတာ့ ေနရာအႏွံ႔မွာ ေပါက္ေရာက္ပါတယ္။ အသက္အရြယ္ႀကီးရင့္သူေတြကေတာ့ သရက္သီးမွည့္ကို ထမင္းနဲ႔ ေရာစားၿပီး ေႏြရာသီမွာ ခံတြင္းၿမိန္ေအာင္ စားတတ္ၾကပါတယ္။ ဒီလို ရာသီစာ သရက္သီးမွည့္ေတြမွာ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ အက်ိဳးေက်းဇူးေတြ ရွိေနပါတယ္။

သရက္သီးမွာ ကိုလက္စထေရာ နည္းနည္း၊ ဆိုဒီယမ္၊ အမွ်င္ဓာတ္နဲ႔ ဗီတာမင္ အုပ္စုေတြ ျဖစ္တဲ့ ဗီတာမင္ ေအ၊ စီ၊ B6 တို႔ ပါ၀င္ပါတယ္။ ဒါ့အျပင္ ပိုတက္ဆီယမ္၊ မက္ကနီဆီယမ္နဲ႔ ဘီတာကရိုတင္းတို႔ ပါ၀င္ၿပီး အင္အားျပည့္တဲ့ Antioxidants ေတြလည္း အမ်ားအျပား ပါ၀င္ပါတယ္။ တရုတ္ျပည္ရဲ႕ ရိုးရာေဆးပညာေတြမွာေတာ့ သရက္သီးဟာ ေဆးဖက္၀င္ အသီးတစ္မ်ိဳးျဖစ္ၿပီး ေခ်ာင္းဆိုး၊ ဖ်ားနာျခင္း၊ အေအးမိျခင္း၊ အစာမေၾကျခင္းနဲ႔ လွိဳင္းမူးျခင္းတို႔ကို သက္သာေစပါတယ္လို႔ ေဖာ္ျပထားပါတယ္။ တျခား က်န္းမာေရး အက်ိဳးေက်းဇူးတစ္ခ်ိဳ႕လည္း ရွိပါေသးတယ္။

သရက္သီးမွာ ဗီတာမင္ေတြ ပါ၀င္ၿပီး ပိုတက္ဆီယမ္ ပါ၀င္တဲ့အတြက္ ေသြးဖိအား ျမင့္မားလာမႈကို ထိန္းညွိေပးပါတယ္။ အမွ်င္ဓာတ္ မ်ားစြာပါ၀င္တဲ့ အတြက္ေၾကာင့္ ေသြးတြင္း အဆီဓာတ္ေတြကို ေလွ်ာ့ခ်ေပးၿပီး ေသြးလည္ပတ္မႈ ပံုမွန္ျဖစ္ေအာင္ ထိန္းညွိေပးပါတယ္။ သရက္သီးမွာ ပါ၀င္တဲ့ Antioxidant ေတြဟာ ရင္သားကင္ဆာ၊ ဆီးႀကိတ္ကင္ဆာနဲ႔ အူမႀကီး ကင္ဆာတို႔ကို မျဖစ္ေအာင္ ကာကြယ္ေပးႏုိင္စြမ္း ရွိပါတယ္။ ေသြးတြင္း အဆီဓာတ္ကို ထိန္းေပးထားတဲ့ အတြက္ ႏွလံုးေရာဂါ ျဖစ္ပြားမႈ မရွိေအာင္ တားဆီးေပးႏုိင္ပါတယ္။

သရက္သီးမွည့္ဟာ အနံ႔ေမႊးၿပီး အရသာခ်ိဳျမတဲ့အျပင္ အစာေခ်ဖ်က္မႈကို အားေပးတဲ့ အင္ဇုိင္းေတြ ပါ၀င္တာေၾကာင့္ အစာအိမ္ရဲ႕ လုပ္ေဆာင္ခ်က္ကို ေကာင္းမြန္ဖို႔ ကူညီေပးပါတယ္။ သရက္သီးမွာ အရြယ္တင္ႏုပ်ိဳေစမယ့္ ဓာတ္ေတြ ပါ၀င္ၿပီး သံဓာတ္ပါ၀င္မႈ မ်ားတဲ့အတြက္လည္း ေသြးအားနည္းတဲ့ အမ်ိဳးသမီးေတြ စားသံုးဖို႔ သင့္ေတာ္ပါတယ္။ ကိုယ္၀န္ေဆာင္ေတြ စားသံုးလို႔လည္း ရပါတယ္။ ပိုတက္ဆီယမ္ဟာ ေသြးတိုးေရာဂါျဖစ္ေစမယ့္ အႏၱာရာယ္ကေနလည္း ကာကြယ္ေပးပါတယ္။ သရက္သီးမွာ ကဆီဓာတ္ေတြ ပါ၀င္တာေၾကာင့္ ကိုယ္အေလးခ်ိန္တက္ခ်င္သူေတြ အတြက္ ေန႔တိုင္း စားေပးသင့္ပါတယ္။

သရက္သီးမွည့္ စားသံုးမယ္ဆိုရင္ေတာ့ သတိထားရမယ့္ အခ်က္ေလးေတြ ရွိပါတယ္။ သရက္သီးကို အညွာျဖတ္ၿပီး မစားခင္ ေရစိမ္ထားေပးပါ။ အေစးေတြက ႏႈတ္ခမ္းတစ္၀ိုက္ကို ေလာင္တတ္တာေၾကာင့္ သတိထားေပးဖို႔ လိုပါတယ္။ သရက္သီးမွည့္ ေပါခ်ိန္ဟာ ယင္ေကာင္ေတြ ေပါတဲ့ ရာသီမို႔ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါေတြ ျဖစ္ပြားတတ္တာေၾကာင့္ သရက္သီးမွည့္ေတြ လွီးထားရင္ ယင္ မနားေအာင္ ဖံုးအုပ္ထားေပးဖို႔ သတိထားေပးပါ။# Unicode Version # ျဖင့္ ဖတ္ပါ #

သရက်သီးတွေ ဝင်းပြီး မှည့်နေတဲ့ ရာသီမှာ ခံတွင်းမြိန်စေမယ့် အသီးတစ်မျိုးကတော့ သရက်သီးမှည့်ပဲ ဖြစ်ပါလိမ့်မယ်။ အပင်တွေမှာလည်း ဝင်းရောင်သန်းနေတဲ့ သရက်သီးတွေကို မြင်နေရသလို ဈေးတွေထဲမှာလည်း လှိုင်လှိုင်ပေါနေတဲ့ သရက်သီးမှည့်တွေကို တွေ့နေရပါပြီ။

သရက်ပင်ကို အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တာများပြီးအမျိုးအစားပေါင်းများစွာ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ နေရာအနှံ့မှာ ပေါက်ရောက်ပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေကတော့ သရက်သီးမှည့်ကို ထမင်းနဲ့ ရောစားပြီး နွေရာသီမှာ ခံတွင်းမြိန်အောင် စားတတ်ကြပါတယ်။ ဒီလို ရာသီစာ သရက်သီးမှည့်တွေမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေ ရှိနေပါတယ်။

သရက်သီးမှာ ကိုလက်စထရော နည်းနည်း၊ ဆိုဒီယမ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင် အုပ်စုတွေ ဖြစ်တဲ့ ဗီတာမင် အေ၊ စီ၊ B6 တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ပိုတက်ဆီယမ်၊ မက်ကနီဆီယမ်နဲ့ ဘီတာကရိုတင်းတို့ ပါဝင်ပြီး အင်အားပြည့်တဲ့ Antioxidants တွေလည်း အများအပြား ပါဝင်ပါတယ်။ တရုတ်ပြည်ရဲ့ ရိုးရာဆေးပညာတွေမှာတော့ သရက်သီးဟာ ဆေးဖက်ဝင် အသီးတစ်မျိုးဖြစ်ပြီး ချောင်းဆိုး၊ ဖျားနာခြင်း၊ အအေးမိခြင်း၊ အစာမကြေခြင်းနဲ့ လှိုင်းမူးခြင်းတို့ကို သက်သာစေပါတယ်လို့ ဖော်ပြထားပါတယ်။ တခြား ကျန်းမာရေး အကျိုးကျေးဇူးတစ်ချို့လည်း ရှိပါသေးတယ်။

သရက်သီးမှာ ဗီတာမင်တွေ ပါဝင်ပြီး ပိုတက်ဆီယမ် ပါဝင်တဲ့အတွက် သွေးဖိအား မြင့်မားလာမှုကို ထိန်းညှိပေးပါတယ်။ အမျှင်ဓာတ် များစွာပါဝင်တဲ့ အတွက်ကြောင့် သွေးတွင်း အဆီဓာတ်တွေကို လျှော့ချပေးပြီး သွေးလည်ပတ်မှု ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ Antioxidant တွေဟာ ရင်သားကင်ဆာ၊ ဆီးကြိတ်ကင်ဆာနဲ့ အူမကြီး ကင်ဆာတို့ကို မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ သွေးတွင်း အဆီဓာတ်ကို ထိန်းပေးထားတဲ့ အတွက် နှလုံးရောဂါ ဖြစ်ပွားမှု မရှိအောင် တားဆီးပေးနိုင်ပါတယ်။

သရက်သီးမှည့်ဟာ အနံ့မွှေးပြီး အရသာချိုမြတဲ့အပြင် အစာချေဖျက်မှုကို အားပေးတဲ့ အင်ဇိုင်းတွေ ပါဝင်တာကြောင့် အစာအိမ်ရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်ဖို့ ကူညီပေးပါတယ်။ သရက်သီးမှာ အရွယ်တင်နုပျိုစေမယ့် ဓာတ်တွေ ပါဝင်ပြီး သံဓာတ်ပါဝင်မှု များတဲ့အတွက်လည်း သွေးအားနည်းတဲ့ အမျိုးသမီးတွေ စားသုံးဖို့ သင့်တော်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ စားသုံးလို့လည်း ရပါတယ်။ ပိုတက်ဆီယမ်ဟာ သွေးတိုးရောဂါဖြစ်စေမယ့် အန္တာရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။ သရက်သီးမှာ ကဆီဓာတ်တွေ ပါဝင်တာကြောင့် ကိုယ်အလေးချိန်တက်ချင်သူတွေ အတွက် နေ့တိုင်း စားပေးသင့်ပါတယ်။

သရက်သီးမှည့် စားသုံးမယ်ဆိုရင်တော့ သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ သရက်သီးကို အညှာဖြတ်ပြီး မစားခင် ရေစိမ်ထားပေးပါ။ အစေးတွေက နှုတ်ခမ်းတစ်ဝိုက်ကို လောင်တတ်တာကြောင့် သတိထားပေးဖို့ လိုပါတယ်။ သရက်သီးမှည့် ပေါချိန်ဟာ ယင်ကောင်တွေ ပေါတဲ့ ရာသီမို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားတတ်တာကြောင့် သရက်သီးမှည့်တွေ လှီးထားရင် ယင် မနားအောင် ဖုံးအုပ်ထားပေးဖို့ သတိထားပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *