၁၃ ေဒၚလာနဲ႔ဝယ္ထားတဲ့လက္စြပ္ကို စစ္ၾကည့္မွ ေဒၚလာတစ္သန္းနီးပါးတန္ေၾကာင္းသိခဲ့ရတဲ့အမ်ဳိးသမီး

[Zawgyi]

ေျပာခ်င္လြန္းလို႔ တုိ႔ဆီမွာ အဖိုးသိပ္မတန္ဘူးလို႔ ထင္ၿပီး သိမ္းဆည္းထားတဲ့ လက္ဝတ္ရတနာေတြ ရွိေနရင္ တတ္ကၽြမ္းသူနဲ႔ စစ္ေဆးၾကည့္သင့္တယ္ဆုိတာကို ဥပမာျပေနတဲ့ ျဖစ္ရပ္တစ္ခုပါ။ ဒါမွမဟုတ္ တစ္ခါတစ္ရံ ကံေကာင္းမႈဟာ မေမွ်ာ္လင့္ထားဘဲ ရရွိတတ္တယ္ဆုိတာေရာေပါ့။

ၿဗိတိန္ႏုိင္ငံသူ တစ္ဦးဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္းသုံးဆယ္ခန္႔က စတာလင္ေပါင္တစ္ဆယ္ (အေမရိကန္ ေဒၚလာ ၁၃) နဲ႔ဝယ္ယူထားခဲ့တဲ့ လက္စြပ္ကို ကၽြမ္းက်င္သူေတြထံမွာ ျပၾကည့္တဲ့အခါ စတာလင္ေပါင္ ခုနစ္သိန္းခြဲခန္႔ (အေမရိကန္ေဒၚလာ ကိုးသိန္းခြဲေက်ာ္) တန္ေၾကးရွိေၾကာင္းကို အံ့အားသင့္ဖြယ္ သိလိုက္ရပါတယ္။

လန္ဒန္အေနာက္ပိုင္းမွာေနထိုင္တဲ့ ဒဲဘရာေဂါ့ဒက္ ဆုိသူ အမ်ဳိးသမီးဟာ ၁၉၈၆ ခုႏွစ္က ဒီလက္စြပ္ေလးကို ဖန္နဲ႔ျပဳလုပ္ထားတဲ့ လက္စြပ္ေလးအမွတ္နဲ႔ ဝယ္ယူခဲ့တာပါ။ ၃၃ ႏွစ္ၾကာတဲ့အခါမွ ေငြလိမ္ခံရတဲ့ သူ႕မိခင္ကို ကူညီဖို႔ ျပန္လည္ေရာင္းခ်မယ့္အထဲ ဒီလက္စြပ္ေလးကို ထည့္လုိက္ၿပီး စစ္ေဆးၾကည့္တဲ့အခါ ကၽြမ္းက်င္သူေတြက ဒါဟာ ၂၆.၂၇ ကာရတ္ရွိတဲ့ စိန္နဲ႔ ျပဳလုပ္ထားတဲ့ အဖုိးတန္လက္စြပ္မွန္း အတည္ျပဳေပးခဲ့ၾကပါတယ္။

သူမရဲ႕ လက္ဝတ္တန္ဆာေတြအားလုံးေပါင္းမွ စတာလင္ေပါင္ ၇၅၀ ေလာက္ပဲရမယ္လို႔ ေမွ်ာ္လင့္ထားတဲ့ ဒဲဘရာဟာ ရုတ္တရက္ဘာေျပာရမွန္းမသိျဖစ္သြားခဲ့ၿပီး သူမေမွ်ာ္လင့္ထားတာရဲ႕ အဆတစ္ေသာင္းေလာက္ ကံထူးသြားတာပါ။ ဒီေငြေတြနဲ႔လည္း ေလာေလာဆယ္ ဘာလုပ္ရမွန္းမသိျဖစ္ေနတယ္လို႔ ဆုိပါတယ္။

သူမရဲ႕ မိခင္ဟာ လိမ္လည္မႈတစ္ခုရဲ႕ သားေကာင္ျဖစ္ခဲ့ရၿပီး အခုလို ကံျပန္ထူးခဲ့တဲ့အတြက္ ကံတရား တစ္ပတ္လည္တာပဲလို႔ မွတ္ယူေၾကာင္း ဒဲဘရာကဆုိပါတယ္။
Crd

[Unicode]

ပြောချင်လွန်းလို့ တို့ဆီမှာ အဖိုးသိပ်မတန်ဘူးလို့ ထင်ပြီး သိမ်းဆည်းထားတဲ့ လက်ဝတ်ရတနာတွေ ရှိနေရင် တတ်ကျွမ်းသူနဲ့ စစ်ဆေးကြည့်သင့်တယ်ဆိုတာကို ဥပမာပြနေတဲ့ ဖြစ်ရပ်တစ်ခုပါ။ ဒါမှမဟုတ် တစ်ခါတစ်ရံ ကံကောင်းမှုဟာ မမျှော်လင့်ထားဘဲ ရရှိတတ်တယ်ဆိုတာရောပေါ့။

ဗြိတိန်နိုင်ငံသူ တစ်ဦးဟာ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်ခန့်က စတာလင်ပေါင်တစ်ဆယ် (အမေရိကန် ဒေါ်လာ ၁၃) နဲ့ဝယ်ယူထားခဲ့တဲ့ လက်စွပ်ကို ကျွမ်းကျင်သူတွေထံမှာ ပြကြည့်တဲ့အခါ စတာလင်ပေါင် ခုနစ်သိန်းခွဲခန့် (အမေရိကန်ဒေါ်လာ ကိုးသိန်းခွဲကျော်) တန်ကြေးရှိကြောင်းကို အံ့အားသင့်ဖွယ် သိလိုက်ရပါတယ်။

လန်ဒန်အနောက်ပိုင်းမှာနေထိုင်တဲ့ ဒဲဘရာဂေါ့ဒက် ဆိုသူ အမျိုးသမီးဟာ ၁၉၈၆ ခုနှစ်က ဒီလက်စွပ်လေးကို ဖန်နဲ့ပြုလုပ်ထားတဲ့ လက်စွပ်လေးအမှတ်နဲ့ ဝယ်ယူခဲ့တာပါ။ ၃၃ နှစ်ကြာတဲ့အခါမှ ငွေလိမ်ခံရတဲ့ သူ့မိခင်ကို ကူညီဖို့ ပြန်လည်ရောင်းချမယ့်အထဲ ဒီလက်စွပ်လေးကို ထည့်လိုက်ပြီး စစ်ဆေးကြည့်တဲ့အခါ ကျွမ်းကျင်သူတွေက ဒါဟာ ၂၆.၂၇ ကာရတ်ရှိတဲ့ စိန်နဲ့ ပြုလုပ်ထားတဲ့ အဖိုးတန်လက်စွပ်မှန်း အတည်ပြုပေးခဲ့ကြပါတယ်။

သူမရဲ့ လက်ဝတ်တန်ဆာတွေအားလုံးပေါင်းမှ စတာလင်ပေါင် ၇၅၀ လောက်ပဲရမယ်လို့ မျှော်လင့်ထားတဲ့ ဒဲဘရာဟာ ရုတ်တရက်ဘာပြောရမှန်းမသိဖြစ်သွားခဲ့ပြီး သူမမျှော်လင့်ထားတာရဲ့ အဆတစ်သောင်းလောက် ကံထူးသွားတာပါ။ ဒီငွေတွေနဲ့လည်း လောလောဆယ် ဘာလုပ်ရမှန်းမသိဖြစ်နေတယ်လို့ ဆိုပါတယ်။

သူမရဲ့ မိခင်ဟာ လိမ်လည်မှုတစ်ခုရဲ့ သားကောင်ဖြစ်ခဲ့ရပြီး အခုလို ကံပြန်ထူးခဲ့တဲ့အတွက် ကံတရား တစ်ပတ်လည်တာပဲလို့ မှတ်ယူကြောင်း ဒဲဘရာကဆိုပါတယ်။
Crd

Leave a Reply

Your email address will not be published. Required fields are marked *