မျက်စိမကောင်းတဲ့ အဘွားကို ငွေကြေးထောက်ပံ့လှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်

[Zawgyi]





Crd

[Unicode]

ရွှေပိုးအိမ်ဟာဆိုရင် ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ မြန်မာဆန်ဆန်လေးနေတက်တာကြောင့် ပုရိသတွေရဲ့ ဝန်းရံမှုကို ပိုင်ဆိုင်ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီး တစ်လက်ဖြစ်ပါတယ်။ ကျရာကာရိုက်တာပိုင်းတွေကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီးတော့ အနုပညာလောမှာ ပရိသတ်အားပေးမှုကို သိမ်းပိုက်ရရှိနေတဲ့ ဖြစ်ပါတယ်။ သြဂုတ်လ (၁၅)ရက်နေ့က ရွှေပိုးအိမ်ရဲ့ မွေးနေ့လေးဖြစ်ပြီးတော့ လက်တလောမှာ ရွှေပိုးအိမ်ဟာ ချစ်ရတဲ့ ပရိသတ်တွေဆီကနေ မွေးနေ့လက်ဆောင်လေးတေါကို သိမ်းပိုက်ရရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာ ရွှေပိုးအိမ်ဟာဆိုရင် မန္တလေးကို ရောက်ရှိနေတာဖြစ်ပြီးတော့ အဆိုတော်ထူး ရဲ့သီချင်းလေးမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ရောင်ခြည် သင်္ကန်းတိုက်ရဲ့ ကြော်ငြာကို ပါဝင်ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ရွှေပိုးအိမ်းက အလှူအတန်းလုပ်တဲ့ နေရာမှာရက်ရောစွာ လှူဒါန်းတတ်သူတစ်ယောက်ဖြစ်ပဲဖြစ်ပါတယ်။

လက်တလောမှာတော့ ရွှေပိုးအိမ်ဟာ ရိုက်ကွင်းတစ်ခုမှာ အလုပ်လုပ်ရင်း ကုသိုလ်ကောင်းမှုကုသိုလ်တွေကို ပြုလုပ်နေတာဖြစ်ပြီးတော့” အမေကြီးဆီက မုန့်တွေ အများကြီးဝယ်ခဲ့တယ်။ မျက်စိမကောင်းတဲ့ အဘွားကို လှူခဲ့တယ်။ဌက်ကလေးတွေ လွတ်မြောက်ပါစေ။ငါလည်း လွတ်မြောက်ပါစေ။ခပ်ဝေးဝေးလေး ပျံသန်းသွားတော့နော် ” လို့ သူမရဲ့ အလှူတွေကို လူမှုကွန်ရက်မှာ ပရိသတ်တွေသာဓုခေါ်လို့ရအောင်မျှဝေထားတာမို့ ပရိသတ်ကြီး ရွှေပိုးအိမ်ရဲ့ အလှူအတွက် သာဓုခေါ်သွားပါဦးနော်။
Crd

Leave a Reply

Your email address will not be published. Required fields are marked *