တောအုပ်ထဲမှာ တစ်ပါးထဲ တောရဆောက်တည်နေတာ (၁၂)နှစ်ရှိပြီဖြစ်တဲ့ ရုရှားလူမျိုးရဟန်းတော်တစ်ပါး

[Zawgyi]




Crd

[Unicode]

ဦးဇင်းကို မိသားစုတွေ သူငယ်ချင်းတွေက စိုးရိမ်လို့ လာလာမေးကြတယ်။ဒီလိုလူသူမရှိတဲ့နေရာမှာ တစ်ပါးတည်း တောရပ်ဆောက်တည်နေတော့ လူဆိုးတွေ သရဲတွေကို မကြောက်ဘူးလား တဲ့။

ဦးဇင်းကဒီလိုဖြေလိုက်ပါတယ် လူတွေကို ကြောက်လွန်းလို့ လူသူမရှိတဲ့နေရာမှာ လာပြီး၊ မြတ်ဗုဒ္ဓဟောကြားတဲ့ ဓမ္မနဲ့အညီနေတာပါ၊ လူသူရှိတဲ့ မြို့ပေါ် ရပ်ပေါ်မှာဆိုရင် သူခိုးကိုကြောက်ရ၊ ဓားမြကိုကြောက်ရ၊ အရက်သမား ဘိန်းသမား ဆေးသမားတွေကိုကြောက်ရ၊ မနာလိုတဲ့လူတွေကိုကြောက်ရ၊ ဒေါသကြီးတဲ့လူတွေကိုကြောက်ရ၊ အိုကြောက်စရာတွေအများကြီးပေါ့၊။

ဒီမှာက ဘယ်သူ့ကိုမှလည်း ကြောက်စရာမလိုဘူးလေ ဘယ်သူခိုးကိုမှလည်း ကြောက်စရာမလိုပါဘူး၊ ဘယ်သူ့မှလည်း မလာကြပါဘူး။ သရဲ တစ္ဆေဆိုတာကလည်း မေတ္တာကောင်းကောင်းပို့လိုက်ရင် သူငယ်ချင်းတောင် ဖြစ်နိုင်တာပဲလေ၊ သူခိုးဓားပြတွေ လာတိုက်ရင်လည်း ဦးဇင်းမှာ ဘာမှပိုင်ဆိုင်တာမှမရှိတာ ဒီသပိတ်တွေ သင်္ကန်းနွမ်းတွေကို လိုချင်ရင်တော့ ဦးဇင်းပြန်စွန့်မှာပါ ” ဟူ၍ ပြုံးပြုံးလေးနဲ့ ဖြေပေးပါသော ဆရာတော် အရှင်တိလောက။

ရုရှားလူမျိုးဆရာတော် တစ်ပါးဖြစ်ပါတယ်။ လက်ရှိ ရုရှားနိုင်ငံ ဒုံမတောအုပ်ထဲမှာ တစ်ပါးတည်း တောရပ်ဆောက်၍ သီတင်းသုံးနေခဲ့တာ ၁၂ နှစ်ရှိပါပြီတဲ့။
Crd

Leave a Reply

Your email address will not be published. Required fields are marked *