မွေး​နေ့ကိတ်​​ပေါ်က ဖ​ယောင်းတိုင်​မီးကို ပားစပ်နဲ့​မှုတ်​ခြင်းဟာ ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်
[Zawgyi]
Crd
[Unicode]
ရုတ်တရက်မှာပဲ တွေဝေသွားစေတဲ့မေးခွန်းပါ။ သိပ္ပံပညာရှင် တွေက မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်မီးကို ပါးစပ်နဲ့မှုတ်ခြင်းက ကျန်းမာရေးအန္တရာယ်ဖြစ်စေကြောင်း လေ့လာတွေ့ရှိခဲ့ပါပြီ။
ဒီနေရာမှာတော့ ပျော်ပွဲရွှင်ပွဲတွေမှာ ဖယောင်းမီးကိုမှုတ်တဲ့ကိစ္စက စစ်တမ်းတွေအရ ထွက်ပေါ်လာခဲ့တဲ့ လေ့လာမှုက မျက်လုံးပြူစရာဆိုပေမဲ့ ဆိုးရွားတာမျိုးမရှိလို့စိုးရိမ်စရာမရှိပါဘူး။
မွေးနေ့ပွဲကျင်းပလို့ မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်တွေကို ပါးစပ်ကလေနဲ့ တဖူးဖူးမှုတ်တဲ့ကိစ္စက ဒီလောက်ကြီးသလားဆိုတာတော့ မေးခွန်းထုတ်စရာဖြစ်နေတာအမှန်ပါ။ မွေးနေ့ဂုဏ်ပြုဖိူ့ လူတွေဝိုင်းနေတဲ့အချိန် အလယ်ခေါင်က ကိတ်မုန့်တုံးပေါ်မှာ ဘက်တီးရီယားပိုးမွှားပေါင်း ၁၅၀၀ ကျော်ရောက်ရှိနေပြီဆိုတာလဲ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြတာပါ။ အံ့အားသင့်စရာကောင်းခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေဟာ သုတေသန တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ကိတ်မုန့် အတုတစ်လုံးပေါ်မှာ သတ္တုလွှာတစ်ချပ်ခံပြီး ဖယောင်းတိုင်တွေကို စိုက်လိုက်ကြပါတယ်။ အချိုသကာခရင်မ်သားကတော့ အစစ်ပါ။ ဒီဖယောင်းတိုင်တွေကို မီးမမှုတ်ခင်မှာ သုတေသနလုပ်ဆောင်သူက ပီဇာကိုအရင်စားလိုက်ပါတယ်။ ပြီးတော့အချိုပွဲကိုစားပါတယ်။ ပြီးတော့ ဖယောင်းတိုင်တွေကိုမီးမှုတ်လိုက်ပါတယ်။
အဲ့ဒီ အချိန်မှာပဲ ဘက်တီးရီးယားတွေကို ရေတွက်လိုက်တဲ့အခါ ဘက်တီးရီးယားအရေအတွက်က အဆပေါင်း ၁၅ ဆတိုးလာတယ်လို့သိရပြီး ဖယောင်းတိုင်မီးကိုမှုတ်တဲ့သူရဲ့ကျန်းမာရေးအခြေအနေအရပဲ အဆပေါင်း ၁၂၀ အထိ တိုးလာစေတယ်လို့သိရတာပါ။
ဒါကြောင့် မွေးနေ့ပွဲတွေကိုသွားပြီးတိုင်း ဖျားနာဖူးခဲ့တဲ့အဖြစ်တွေကို ကြုံခဲ့ကြရတာပါ။ ဆိုးရွားတဲ့ ကျန်းမာရေးပြသနာတစ်ရပ်မဟုတ်လို့ အဲ့ဒီမွေးနေ့ကိတ်တွေကို စိတ်ချလက်ချစားသုံးနိုင်ပြီး နေထိုင်မကောင်းဖြစ်နေသူက မီးမှုတ်ထားတဲ့ကိတ်မုန့်ဆိုရင်တော့ မစားမိရင်အကောင်းဆုံးပါလို့ သိရပါတယ်။
Crd
Leave a Reply
Your email address will not be published. Required fields are marked *