[Zawgyi]
Mamma Mia
Her
The Notebook
Kill Bill Volume.1
[Unicode]
အချစ်ဇာတ်လမ်းတွေဆိုတာ အဆုံးသတ်တွေချင်းတူညီတယ်ဆိုတာ မရှိကြပါဘူး။ အရာရာကိုယ့်ဇာတ်လမ်းနဲ့ကိုယ်ပေါ့လေ။ အသည်းကွဲရတာဟာ ဘယ်လောက်ထိ ပြင်းထန်စွာခံစားရသလဲလို့ သိရှိကြုံတွေ့နေရတဲ့သူတွေကတော့ အခုပြောပြမယ့်ရုပ်ရှင်ဇာတ်လမ်းတွေကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦး။ အသည်းကွဲနေချိန်မှာ အကြည့်သင့်ဆုံး ဇာတ်ကား ၅ ကား ကို ရွေးချယ်တင်ဆက်ပေးပါရစေ။
Eternal Sunshine of the Spotless Mind
ချစ်သူနဲ့ပြတ်စဲလမ်းခွဲပြီးချိန်မှာ စိတ်ထိခိုက်ရသမျှ အတိတ်လွမ်းမှတ်ဉာဏ်တွေကို ဖျက်ဆီးခဲ့တဲ့ ချစ်သူနှစ်ယောက်ရဲ့ ရှေ့ဆက်ဇာတ်လမ်းတွေက ဘယ်လိုဖြစ်မလဲ။အရာရာအသစ်ဖြစ်သွားခဲ့တဲ့ သူတို့နှစ်ယောက် ပြန်ဆုံတွေ့ပြီး သူတို့ရဲ့အချစ်ရေးကိုဘယ်လိုရှေ့ဆက်တည်ဆောက်သွားခဲ့လဲဆိုတာ ကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းသီးသန့်ဖြစ်ပါတယ်။ နာကျင်ခံစားနေရတဲ့မွန်းကျပ်မှုတွေကို တခြားသူတစ်ယောက်ရဲ့ရှုထောင့်ကနေ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်မြင်ဖို့ လိုအပ်လာတဲ့အချိန် အကြည့်သင့်ဆုံးကားပါ။
Mamma Mia
သမီးကိုလက်ထပ်ပေးဖို့စီစဉ်နေတဲ့ မိခင်အတွက် သမီးဖြစ်သူက ဘယ်လိုမျိုး ပျော်စရာတွေဖန်တီးပေးခဲ့သလဲ ခံစားရမှာပါ။ သမီးဖြစ်သူကသူ့မင်္ဂလာပွဲကို မိခင်နဲ့ပတ်သက်ခဲ့ဖူးတဲ့ လူသုံးယောက်ကိုဖိတ်ပြီး မိခင်ဖြစ်သူကို သူ့ရဲ့အချစ်ဟောင်းတစ်ဖြစ်လဲ သမီးရဲ့ဖခင်အစစ်ဘယ်သူဖြစ်မလဲ ပြန်လည်ရှာဖွေကြတာကို ဂီတသီချင်းမြိုင်မြိုင်ဆိုင်ဆိုင်တွေနဲ့ ခံစားကြည့်ပါဦး။
Her
အိမ်ထောင်ရေးပြိုကွဲခဲ့တဲ့ သီအိုဒိုးတစ်ယောက် အသည်းကွဲနေချိန်မှာ ကွန်ပျူတာဉာဏ်ရည်တုစနစ်က တကယ်အစစ်မဟုတ်တဲ့ ဆာမန်သာဆိုတဲ့ မိန်းကလေးနဲ့ သံယောဇဉ်တွေနှောင်ဖွဲ့လို့ စိတ်ထိခိုက်ဖွယ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ အထီးကျန်ဆန်မှုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုထားသလဲ ဆိုတာသိရရုံနဲ့ ကြည့်သင့်တဲ့ကားပါ။
The Notebook
နိုအာ နဲ့ အယ်လီတို့ရဲ့ အချစ်စစ်အကြောင်း ဆွတ်ပျံ့ဖွယ်ရိုက်ကူးထားတဲ့ဇာတ်လမ်းမို့ ကြည့်ဖြစ်အောင်ကြည့်သင့်ပါတယ်။ မိဘတွေသဘောမတူတဲ့အချိန်မှာ သူတို့ရဲ့အခက်အခဲတွေကို မပြောင်းလဲတဲ့အချစ်တွေနဲ့ ဘယ်လိုကျော်ဖြတ်သွားခဲ့လဲ တွေ့ရမှာဖြစ်ပါတယ်။
Kill Bill Volume.1
လူသတ်သမား မင်းသမီး ကစ်ဒိုဟာ ကိုမာကြောင့် လေးနှစ်ကြာမေ့မြောပြီးလို့ ပြန်လည်သတိရလာခဲ့ပါတယ်။ သူ့ကို မင်္ဂလာဆောင်မယ့်အချိန်မှာပဲ လုပ်ကြံသွားသူ ချစ်သူဟောင်းကို သွေးကြွေးဆပ်ပစ်ဖို့ ကြိုးစားခဲ့တာပါ။ အချစ်ဟောင်းကိုသေလောက်အောင်မုန်းနေပါတယ်ဆျုတဲ့သူတွေ ကြည့်သင့်တဲ့ကားဖြစ်ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *