ကျောင်းဆရာက သားမယားပြုကျင့်လို့ ၁၂ နှစ်​အရွယ်​​ကျောင်းသူ​လေး ကိုယ်​ဝန်​ရှိမှု

[Zawgyi]






[Unicode]

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ Malappuram ဒေသက အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေးတဦးဟာ ကျောင်းဆရာဖြစ်သူရဲ့သားမယားပြုကျင့်ခြင်းကို ခံလိုက်ရပြီး ကိုယ်ဝန်ရရှိသွားခဲ့တဲ့ အခင်းဖြစ်ပွားခဲ့တယ်လို့ India သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြပါရှိခဲ့ပါတယ်။

ရဲဌာရဲ့အဆိုအရ ကျောင်းဆရာဖြစ်သူဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပြီး ကျောင်းသူကလေးငယ်လေးဟာ ဆရာဖြစ်သူရဲ့ ၂ လဝန်းကျင်ခန့် အဓမ္မပြုကျင့်ပြီး လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ခြင်းကို မိဘနဲ့မိသားစုထံ အသိပေးဖွင့်မပြောဘဲရေငုံနှုတ်ပိတ်နေခဲ့တယ်လို့ India သတင်းကဖော်ပြသွားခဲ့သလို ဆေးရုံမှာ ဆေးစစ်ချိန်မှသာ ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့တာပါ။

အဲ့ဒီ ဆေးစစ်ချိန်မှာပဲ ကျောင်းသူလေးဟာ ဆရာဖြစ်သူရဲ့အဓမ္မပြုကျင့်ခြင်းကို နှစ်လကြာခံစားခဲ့ရကြောင်း ဝန်ခံသွားခဲ့ဖြစ်တယ်လို့ India သတင်းမှာတွေ့ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ကျောင်းဆရာကို သက်ငယ်မုဒိမ်းမှုနဲ့ တရားစွဲဆိုပြီး အမှုဖွင့်ထားပြီဖြစ်တယ်လို့လည်းသိရှိခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံဟာ နေ့စဉ်နဲ့အမျှ မုဒိမ်းမှုအမြောက်အမြားဖြစ်ပွားနေတဲ့ နိုင်ငံတခုဖြစ်ပြီး ရဲဌာရဲ့ထုတ်ပြန်ချက်အရ ကျောင်းသူလေးနေထိုင်ရာ Malappuram ဒေသဟာ နိုင်ငံအတွင်း တတိယမြောက် လိင်ပိုင်းဆိုင်ရာစော်ကားမှု အများဆုံးဖြစ်ပွားနေတဲ့ နေရာဖြစ်ကြောင်းသိရပါတယ်။

လွန်ခဲ့တဲ့လပိုင်းအတွင်းက ဒီဒေသက ဘုန်းတော်ကြီးတပါးဟာ သီလရှင်တပါးကို ၂ နှစ်ကျော်ကာလအတွင်း ၉ ကြိမ်တိုင်တိုင် မုဒိမ်းကျင်ခဲ့ပြီး မုဒိမ်းမှုပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်တသက်တကျွန်းကျခဲ့ခဲ့ရသေးတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *