သူမ်ားနဲ႔မတူ အလြန္ထူးျခားတဲ့ လက္ေခ်ာင္းပုံစံေၾကာင့္ နာမည္ႀကီးေနတဲ့ ေက်ာင္းသားေလး

[Zawgyi]

အေမရိကန္ႏုိင္ငံ၊ မက္ဆာခ်ဴးဆက္ျပည္နယ္မွာ ေနထိုင္တဲ့ အသက္ (၂၀)အရြယ္ ေက်ာင္းသားေလးေလးတစ္ေယာက္ဟာ အမ်ားနဲ႔မတူ တမူထူးျခားေနတဲ့ လက္မၾကီးေၾကာင့္ လက္ရွိအြန္လိုင္းမွာေရပန္းစားလူၾကိဳက္မ်ားေနျပီး၊ နာမည္ေန႔ခ်င္းညခ်င္းၾကီးလာတယ္လို႔ သိရပါတယ္။

Metro သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ အသက္ (၂၀)အရြယ္ ေက်ာင္းသားေလးတစ္ဦးျဖစ္တဲ့ Jacob Pina မွာ ထူးဆန္းတဲ့ လက္မတစ္ေခ်ာင္းရွိေနပါတယ္။ ပံုမွန္အရြယ္အစားထက္ၾကီးလြန္းေနျပီး၊ သာမန္ လက္ခလယ္တစ္ေခ်ာင္းစာမက ရွည္ေနတဲ့ လက္မၾကီးဟာ သူ႕ရဲ႕ ညာဘက္လက္မမွာ ျဖစ္ေနျပီး၊ အရွည္ (၅)လက္မေလာက္ရွိတယ္လို႔ ဆိုပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္ျပီး အျမဲတမ္းရွက္ေနခဲ့တဲ့ Jacob Pina ဟာ ဘာေၾကာင့္ ဒီလိုျဖစ္ရတယ္ဆိုတဲ့ အေၾကာင္းအရင္းကို မသိခဲ့ပါဘူး။ သဘာ၀အတိုင္း ေမြးကတည္းကျဖစ္လာတာပါ။ ေနာက္ေတာ့ အြန္လိုင္းေပၚမွာ သူ႕ရဲ႕လက္မၾကီအေၾကာင္းကို ဓာတ္ပံုရိုက္တင္ခဲ့ရာကေန လူေတြရဲ႕ ကရုဏာသက္မႈကို ရခဲ့ျပီး၊ တျဖည္းျဖည္းနဲ႔ လူစိတ္၀င္စားလာခဲ့ၾကပါတယ္။

သူ႕ရဲ႕ တစ္ေတာ့မွာ လက္ရွိဆိုရင္ေဖာ္လို၀ါ (၂)သိန္းရွိေနျပီျဖစ္သလို Jacob Pina ရဲ႕ လက္မနဲ႔ ပတ္သက္ျပီး အမ်ားစုက သေဘာက်ၾကတယ္လို႔ ဆိုပါတယ္။ သူက သူ႕ရဲကလက္မၾကီးၾကီးေနမႈကို လက္မတိုက္ပြဲကစားနည္း ကစားတဲ့အခါက်ရင္ ဘယ္ေတာ့မွမရံႈးဘူးဆိုျပီးေတာ့ပဲ ျေဖသိမ့္ရတယ္လို႔ အျမဲတမ္းအားငယ္စြာနဲ႔ ေျပာျပပါတယ္။

Jacob Pina ရဲ႕ လက္မဟာ အရွည္ (၅)လက္မရွိျပီး၊ သူ႕ရဲ႕ ညာဖက္လက္က လက္ငါးခေ်ာင္းစာ အရြယ္အစားေတြက အကုန္တူတူနီးပါးပါပဲ။ သူ႕ရဲ႕ဗီဒီယိုေတြကို အားေပးေနတဲ့ ပရိသတ္ေတြကေတာ့ ဒီလိုမ်ိဳးဟာ လူတိုင္းမွာမရွိဘဲ တမူထူးျခားတဲ့ အလွျဖစ္တဲ့အတြက္ ဘာမွစိတ္အားငယ္စရာမလိုေၾကာင္းကို အားေပးေနၾကပါတယ္။

[Unicode]

အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်မှာ နေထိုင်တဲ့ အသက် (၂၀)အရွယ် ကျောင်းသားလေးလေးတစ်ယောက်ဟာ အများနဲ့မတူ တမူထူးခြားနေတဲ့ လက်မကြီးကြောင့် လက်ရှိအွန်လိုင်းမှာရေပန်းစားလူကြိုက်များနေပြီး၊ နာမည်နေ့ချင်းညချင်းကြီးလာတယ်လို့ သိရပါတယ်။

Metro သတင်းစာရဲ့ ဖော်ပြချက်အရ အသက် (၂၀)အရွယ် ကျောင်းသားလေးတစ်ဦးဖြစ်တဲ့ Jacob Pina မှာ ထူးဆန်းတဲ့ လက်မတစ်ချောင်းရှိနေပါတယ်။ ပုံမှန်အရွယ်အစားထက်ကြီးလွန်းနေပြီး၊ သာမန် လက်ခလယ်တစ်ချောင်းစာမက ရှည်နေတဲ့ လက်မကြီးဟာ သူ့ရဲ့ ညာဘက်လက်မမှာ ဖြစ်နေပြီး၊ အရှည် (၅)လက်မလောက်ရှိတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမြဲတမ်းရှက်နေခဲ့တဲ့ Jacob Pina ဟာ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို မသိခဲ့ပါဘူး။ သဘာဝအတိုင်း မွေးကတည်းကဖြစ်လာတာပါ။ နောက်တော့ အွန်လိုင်းပေါ်မှာ သူ့ရဲ့လက်မကြီအကြောင်းကို ဓာတ်ပုံရိုက်တင်ခဲ့ရာကနေ လူတွေရဲ့ ကရုဏာသက်မှုကို ရခဲ့ပြီး၊ တဖြည်းဖြည်းနဲ့ လူစိတ်ဝင်စားလာခဲ့ကြပါတယ်။

သူ့ရဲ့ တစ်တော့မှာ လက်ရှိဆိုရင်ဖော်လိုဝါ (၂)သိန်းရှိနေပြီဖြစ်သလို Jacob Pina ရဲ့ လက်မနဲ့ ပတ်သက်ပြီး အများစုက သဘောကျကြတယ်လို့ ဆိုပါတယ်။ သူက သူ့ရဲကလက်မကြီးကြီးနေမှုကို လက်မတိုက်ပွဲကစားနည်း ကစားတဲ့အခါကျရင် ဘယ်တော့မှမရှုံးဘူးဆိုပြီးတော့ပဲ ြဖေသိမ့်ရတယ်လို့ အမြဲတမ်းအားငယ်စွာနဲ့ ပြောပြပါတယ်။

Jacob Pina ရဲ့ လက်မဟာ အရှည် (၅)လက်မရှိပြီး၊ သူ့ရဲ့ ညာဖက်လက်က လက်ငါးချောင်းစာ အရွယ်အစားတွေက အကုန်တူတူနီးပါးပါပဲ။ သူ့ရဲ့ဗီဒီယိုတွေကို အားပေးနေတဲ့ ပရိသတ်တွေကတော့ ဒီလိုမျိုးဟာ လူတိုင်းမှာမရှိဘဲ တမူထူးခြားတဲ့ အလှဖြစ်တဲ့အတွက် ဘာမှစိတ်အားငယ်စရာမလိုကြောင်းကို အားပေးနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *