(၂)မုိင္က်ယ္တဲ့ အီတလီေရကန္ကို အရက္တန္ခုိးနဲ႔ ျဖတ္ကူးဖုိ႔ႀကိဳးစားခဲ့သူ

[Zawgyi]

ၿဗိတိန္က အရက္သမားႀကီးတစ္ေယာက္ဟာ အီတလီကို အလည္ေရာက္ခုိက္၊ အရက္မူးၿပီးသကာလ (၂)မုိင္က်ယ္တဲ့ေရကန္ကုိ ျဖတ္ကူးဖုိ႔ ႀကိဳးစားခဲ့ပါတယ္။ အဲဒီယစ္ထုတ္ႀကီးဟာ အရက္တန္ခုိးနဲ႔ ကာယသိဒၶိေျမာက္သြားတယ္လုိ႔ ခံစားခဲ့ရပုံရွိၿပီး၊ အခုလုိ ရဲတင္းစြာ ျဖတ္ကူးခဲ့တာလုိ႔ The Sun က ေဖာ္ျပထားပါတယ္။

ျဖတ္ကူးဖုိ႔ ႀကိဳးစားခဲ့တဲ့ ေရကန္ကေတာ့ Lake Garda ျဖစ္ၿပီး သူဟာ ေပအနည္းငယ္ေလာက္ ကူးၿပီးခ်ိန္မွာ သူ႕ကုိ ကယ္ဆယ္ဖုိ႔ လူ(၂၀)ပါဝင္တဲ့ ေလွႏွစ္စီးက ခ်ဥ္းကပ္ခဲ့ရၿပီး၊ စာရိတ္အားျဖင့္ ေပါင္ (၂)ေသာင္းေလာက္အထိ ကုန္က်ခဲ့တယ္လုိ႔ ဆုိပါတယ္။

သူ႕ကုိ ရဲသားတစ္ဦးက ေလွေပၚကေန ခုန္ခ်ကယ္ဆယ္ခဲ့ရပါတယ္။ သူ႕အမည္ကေတာ့ Martin Walsh ျဖစ္ၿံပီး အသက္(၄၆)ႏွစ္ပါ။ ရဲတပ္ဖြဲ႕ရဲ႕အဆုိအရ သူဟာ ေန႔လည္ခင္းပုိင္းမွာ ကန္နေဘးမွာ ေဘာ္ဒါေတြနဲ႔ ေပ်ာ္ပါးေသာက္စားခဲ့ၿပီး၊ သူ ဒီႏွစ္မုိင္က်ယ္တဲ့ ကန္ႀကီးကို ျဖတ္ကူးႏုိင္တယ္လို႔ ေျပာပါတယ္။

Martin ဟာ အေရွ႕ပုိင္းကမ္းေျချဖစ္တဲ့ Limone ကမ္းကေန စတင္ကူးခတ္ခဲ့ၿပီး၊ Navene ကမ္းေျခဘက္ကို ဦးတည္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ ေဖာ့ဖိနပ္ႏွစ္ဘက္ကို လက္တစ္ဖက္တစ္ခ်က္ဆီမွာ၊ ေဘာကြင္းလုိ႔သေဘာထားကာ စြက္ၿပီး၊ ကူးခတ္ခဲ့တာပါ။ သူ႕ကုိ ေလာေလာဆယ္ အီတလီရဲက စစ္ေမးေနပါတယ္။

[Unicode]

ဗြိတိန်က အရက်သမားကြီးတစ်ယောက်ဟာ အီတလီကို အလည်ရောက်ခိုက်၊ အရက်မူးပြီးသကာလ (၂)မိုင်ကျယ်တဲ့ရေကန်ကို ဖြတ်ကူးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီယစ်ထုတ်ကြီးဟာ အရက်တန်ခိုးနဲ့ ကာယသိဒ္ဓိမြောက်သွားတယ်လို့ ခံစားခဲ့ရပုံရှိပြီး၊ အခုလို ရဲတင်းစွာ ဖြတ်ကူးခဲ့တာလို့ The Sun က ဖော်ပြထားပါတယ်။

ဖြတ်ကူးဖို့ ကြိုးစားခဲ့တဲ့ ရေကန်ကတော့ Lake Garda ဖြစ်ပြီး သူဟာ ပေအနည်းငယ်လောက် ကူးပြီးချိန်မှာ သူ့ကို ကယ်ဆယ်ဖို့ လူ(၂၀)ပါဝင်တဲ့ လှေနှစ်စီးက ချဉ်းကပ်ခဲ့ရပြီး၊ စာရိတ်အားဖြင့် ပေါင် (၂)သောင်းလောက်အထိ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

သူ့ကို ရဲသားတစ်ဦးက လှေပေါ်ကနေ ခုန်ချကယ်ဆယ်ခဲ့ရပါတယ်။ သူ့အမည်ကတော့ Martin Walsh ဖြစ်ြံပီး အသက်(၄၆)နှစ်ပါ။ ရဲတပ်ဖွဲ့ရဲ့အဆိုအရ သူဟာ နေ့လည်ခင်းပိုင်းမှာ ကန်နဘေးမှာ ဘော်ဒါတွေနဲ့ ပျော်ပါးသောက်စားခဲ့ပြီး၊ သူ ဒီနှစ်မိုင်ကျယ်တဲ့ ကန်ကြီးကို ဖြတ်ကူးနိုင်တယ်လို့ ပြောပါတယ်။

Martin ဟာ အရှေ့ပိုင်းကမ်းခြေဖြစ်တဲ့ Limone ကမ်းကနေ စတင်ကူးခတ်ခဲ့ပြီး၊ Navene ကမ်းခြေဘက်ကို ဦးတည်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဖော့ဖိနပ်နှစ်ဘက်ကို လက်တစ်ဖက်တစ်ချက်ဆီမှာ၊ ဘောကွင်းလို့သဘောထားကာ စွက်ပြီး၊ ကူးခတ်ခဲ့တာပါ။ သူ့ကို လောလောဆယ် အီတလီရဲက စစ်မေးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *