နိုင္ငံတကာသီခ်င္းဆိုျပိဳင္ပြဲမွာ ျမန္မာနိုင္ငံကိုယ္စားျပဳအျဖစ္ Final အဆင့္ေရာက္ရိွသြားတဲ့ မာသထူးဝါး

[Zawgyi]

“အိမ္ေလးတစ္လံုးလိုခ်င္တယ္” သီခ်င္းနဲ့ ေအာင္ျမင္မႈေတြ ရရိွလာတဲ့ ခ်စ္စရာေကာင္းတဲ့ ကရင္မေလး မာသထူးဝါးကို ပရိသတ္ၾကီး အားလံုးသိၾကမယ္ ထင္ပါတယ္။ မာသထူးဝါးက ကိုရီးယားမွာ ေနထိုင္တဲ့ ျမန္မာ၊ ကရင္လူမ်ိဳး ေလးျဖစ္ျပီး သီခ်င္းဆိုေကာင္းတဲ့ အဆိုေတာ္ေပါက္စေလး တစ္ေယာက္ပဲ ျဖစ္ပါတယ္။ အရြယ္နဲ့မလိုက္ေအာင္ ထူးခၽြန္လြန္းတဲ့ သီခ်င္းဆိုပါရမီေၾကာင့္ ျမန္မာနိုင္ငံမွာသာမက ကိုရီးယားမွာပါ ေအာင္ျမင္ေနတာ ျဖစ္ပါတယ္။

မာသထူးဝါးက လက္ရိွမွာေတာ့ ကိုရီးယားနိုင္ငံမွာ က်င္းပျပုလုပ္တဲ့ MAMF ( Migrant’s Arirang Multicultural Festival) 2019 ပြဲၾကီးမွာ ျမန္မာနိုင္ငံ ကိုယ္စားျပဳအျဖစ္ ပါဝင္ယွဥ္ျပိဳင္ေနတာ ျဖစ္ပါတယ္။

ဒီေန့မွာေတာ့ မာသထူးဝါးက ပရိသတ္ေတြကို သတင္းေကာင္းေလးတစ္ခုကို မွ်ေဝထားပါတယ္။ အဲ့ဒါကေတာ့ မာသထူးဝါးက MAMF 2019 နိုင္ငံတကာ သီခ်င္းဆိုျပိဳင္ပြဲမွာ ျမန္​မာႏိုင္​ငံ ကိုယ္​စားျပဳအျဖစ္​ final အဆင္​့သို႔ ပါဝင္​ခြင္​့ရ႐ွိသြားတာပဲ ျဖစ္ပါတယ္။

မာသထူးဝါးက ကိုရီးယားနိုင္ငံ ဘူဆန္ နုိင္ငံတကာ ရုပ္ရွင္ပြဲေတာ္မွာလည္း ပါဝင္ေဖ်ာ္ေျဖ တင္ဆက္သြားမွာျဖစ္ျပီး ကိုရီးယားမွ နာမည္ၾကီးရုပ္သံလိုင္း KBS နဲ့လည္း အစီအစဥ္မွာလည္း ပါဝင္ေနတာ ျဖစ္ပါတယ္။ ကရင္မေလး မာသထူးဝါးကေတာ့ ျမန္မာနိုင္ငံအတြက္ ဂုဏ္ယူရေအာင္ ၾကိဳးစားယွဥ္ျပိုင္ေနတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မာသထူးဝါးေလးကို MAMF 2019 သီခ်င္းဆိုျပိဳင္ပြဲ Final မွာ အေကာင္းဆံုး ယွဥ္ျပိဳင္နိုင္ဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။

Crd

[Unicode]

“အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ အောင်မြင်မှုတွေ ရရှိလာတဲ့ ချစ်စရာကောင်းတဲ့ ကရင်မလေး မာသထူးဝါးကို ပရိသတ်ကြီး အားလုံးသိကြမယ် ထင်ပါတယ်။

မာသထူးဝါးက ကိုရီးယားမှာ နေထိုင်တဲ့ မြန်မာ၊ ကရင်လူမျိုး လေးဖြစ်ပြီး သီချင်းဆိုကောင်းတဲ့ အဆိုတော်ပေါက်စလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် ထူးချွန်လွန်းတဲ့ သီချင်းဆိုပါရမီကြောင့် မြန်မာနိုင်ငံမှာသာမက ကိုရီးယားမှာပါ အောင်မြင်နေတာ ဖြစ်ပါတယ်။

မာသထူးဝါးက လက်ရှိမှာတော့ ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ MAMF ( Migrant’s Arirang Multicultural Festival) 2019 ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မာသထူးဝါးက ပရိသတ်တွေကို သတင်းကောင်းလေးတစ်ခုကို မျှဝေထားပါတယ်။ အဲ့ဒါကတော့ မာသထူးဝါးက MAMF 2019 နိုင်ငံတကာ သီချင်းဆိုပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် final အဆင့်သို့ ပါဝင်ခွင့်ရရှိသွားတာပဲ ဖြစ်ပါတယ်။

မာသထူးဝါးက ကိုရီးယားနိုင်ငံ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း ပါဝင်ဖျော်ဖြေ တင်ဆက်သွားမှာဖြစ်ပြီး ကိုရီးယားမှ နာမည်ကြီးရုပ်သံလိုင်း KBS နဲ့လည်း အစီအစဉ်မှာလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ကရင်မလေး မာသထူးဝါးကတော့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူရအောင် ကြိုးစားယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မာသထူးဝါးလေးကို MAMF 2019 သီချင်းဆိုပြိုင်ပွဲ Final မှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။

Crd