သူမထက်သမီးလေးကိုပိုချစ်ပေးလို့မိခင်တစ်ယောက်အနေနဲ့ပီတိဖြစ်ရတယ်ဆိုတဲ့ခိုင်နှင်းဝေ

[Zawgyi]






Crd

[Unicode]

နိုင်ငံကျော် မင်းသမီးချော ခိုင်နှင်းဝေက အနုပညာလောကမှာ ဆယ်စုနှစ် နှစ်ခုစာလောက် အောင်မြင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ရယ်လိုက်ရင် ခစ်စရာကောင်းလွန်းတဲ့ ပါးချိုင့်လေးနဲ့ သူမကို ပရိသတ်တွေက မချစ်ပဲ မနေနိုင်ပါဘူး။

ခိုင်နှင်းဝေက အခုဆိုရင် အနုပညာလုပ်ငန်းတွေသာမက “ခိုင်နှင်းဝေ ပရဟိတ” အသင်းကို တည်ထောင်ထားပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက “သမီးလေးနဲ့ Junction City သွားပြီး အဒေါ်တွေ နဲ့မေမေနဲ့ပါ အတူတူ ညစာစားရင်း ပျော်စရာကောင်းလှတဲ့ မိမိ ဘဝကို ကျေနပ်နေမိတယ်။

မြောက်များစွာသော အလုပ်တွေကို တစ်ယောက်တည်း ဦးစီးလုပ်ကိုင်နေရတဲ့ ခိုင်နှင်းဝေက သူမရဲ့ မိသားစုလေးကို အချိန်ပေး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခိုင်နှင်းဝေက သူမရဲ့ မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး လျှောက်လည်ခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။

“အပြင်သွားတာ ကိုယ့်ထက် သူ့ကို ပိုချစ်ကြ ဓါတ်ပုံတွေလာရိုက်ကြနဲ့ဆိုတော့ မိခင်တယောက်ရဲ့ ပီတိတွေနဲ့ အတူ ချစ်တဲ့ ပရိသတ်တွေကိုလဲ ကျေးဇူးတွေရင်ထဲကတင်မိပါတယ်ရှင် ဆိုပြီး သမီးလေးကို ချစ်ပေးကြလို့ ကျေးဇူးတင်စကားဆိုထားပါတယ်။

ခိုင်နှင်းဝေကတော့ မိသားစုတွေနဲ့ ပျော်ရွှင်စရာ အချိန်တွေကို ကုန်ဆုံးခဲ့ရလို့ ဝမ်းသာနေပုံပါပဲ။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေတို့ မိသားစုပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Crd