ျမန္မာႏုိင္ငံကၿမဳိ႕ႀကီးအေတာ္မ်ားမ်ားရဲ႕ ေအာက္မွာရွိတဲ့ စစ္ကုိင္းျပတ္ေရြ႕ေၾကာႀကီး အေၾကာင္း

[Zawgyi]

စစ္ကိုင္းျပတ္ေရြ႕ေၾကာကို စတင္ေတြ ့ရွိခဲ့သူက ေဒါက္တာဝင္းေဆြျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံ စတန္းဖို႔ဒ္တကၠသိုလ္မွ ဘူမိေဗဒဘာသာရပ္ျဖင့္ ေဒါက္တာဘဲြ႕ယူခဲ့ေသာ ဘူမိေဗဒပညာရွင္ႏွင့္ ေျမငလ်င္ပညာရွင္ ျဖစ္ပါတယ္။

တကၠသိုလ္တြင္ ဆရာလုပ္ရင္း ၁၉၆၉ ခုႏွစ္တြင္ စစ္ကိုင္းၿမိဳ႕အနီးရွိ ျပတ္ေရြ႕တစ္ခုအား စတင္ သုေတသနျပဳပါတယ္။ ျပတ္ေရြ႕အေသးတစ္ခုဟုသာ ထင္ခဲ့ေသာ္လည္း အခ်ိန္မ်ားစြာယူ၍ ကြင္းဆင္းသုေတသနျပဳရင္းမွ ျမန္မာႏိုင္ငံ ေျမပံုအလယ္တည့္တည့္မွ ျဖတ္သြားကာ ကီလိုမီတာ ၁၀၀၀ ခန္႔ရွည္ေသာ ဧရာမ သက္ရွိျပတ္ေရြ႕တစ္ခုျဖစ္မွန္း ေတြ ့ရွိခဲ့ျခင္း ျဖစ္ပါတယ္။

ႏုိင္ငံ၏ ပထ၀ီအေနအထားမွာ စစ္ကိုင္းငလ်င္ေၾကာေပၚ ငုတ္တုတ္ထုိင္ေန႐ုံမွ်မက အျခား ေျမငလ်င္ေၾကာမ်ားလည္း ရွိေနေသးတယ္။ ေက်ာက္ၾကမ္းျပတ္ေရြ႕ေၾကာ၊ ကေဘာ္ျပတ္ေရြ႕ေၾကာ၊ ေရႊႀတိဂံျပတ္ေရြ႕၊ ေဒးဒရဲျပတ္ေရြ႕ စသျဖင့္ ရွိေနပါေသးတယ္။ မိုးေကာင္း၊ မုိးညႇင္း၊ စစ္ကိုင္း၊ အင္း၀၊ ေပ်ာ္ဘြယ္၊ မိတၳီလာ၊ ၀မ္းတြင္း၊ ျမစ္သား၊ ေနျပည္ေတာ္၊ ေတာင္ငူ၊ ပဲခူး၊ သုံးခြစေသာ ၿမိဳ႕မ်ားေအာက္တြင္ စစ္ကိုင္းငလ်င္ေၾကာ တည္ရွိပါတယ္။

စစ္ကိုင္းျပတ္ေရြ ့ဟာ အလ်ားလိုက္ျပတ္ေရြ ့ျဖစ္ျပီး တစ္ႏွစ္ကို ၁၈.၅ မီလီမီတာခန္ ့ ေရြ ့ေနတယ္လို ့ ဆိုပါတယ္။ ျမစ္ႀကီးနားနယ္မွစျပီး စစ္ကိုင္း ဂန္ ့ေဂါေတာင္တန္း၏ အေနာက္ဘက္ျခမ္း ပဲခူးရိုမ အေရွ ့ျခမ္းကို ျဖတ္၍ မုတၱမပင္လယ္ဝထိ ရွည္ပါတယ္။

Crd

[Unicode]

စစ်ကိုင်းပြတ်ရွေ့ကြောကို စတင်တွေ့ရှိခဲ့သူက ဒေါက်တာဝင်းဆွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ စတန်းဖို့ဒ်တက္ကသိုလ်မှ ဘူမိဗေဒဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ယူခဲ့သော ဘူမိဗေဒပညာရှင်နှင့် မြေငလျင်ပညာရှင် ဖြစ်ပါတယ်။

တက္ကသိုလ်တွင် ဆရာလုပ်ရင်း ၁၉၆၉ ခုနှစ်တွင် စစ်ကိုင်းမြို့အနီးရှိ ပြတ်ရွေ့တစ်ခုအား စတင် သုတေသနပြုပါတယ်။ ပြတ်ရွေ့အသေးတစ်ခုဟုသာ ထင်ခဲ့သော်လည်း အချိန်များစွာယူ၍ ကွင်းဆင်းသုတေသနပြုရင်းမှ မြန်မာနိုင်ငံ မြေပုံအလယ်တည့်တည့်မှ ဖြတ်သွားကာ ကီလိုမီတာ ၁၀၀၀ ခန့်ရှည်သော ဧရာမ သက်ရှိပြတ်ရွေ့တစ်ခုဖြစ်မှန်း တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

နိုင်ငံ၏ ပထဝီအနေအထားမှာ စစ်ကိုင်းငလျင်ကြောပေါ် ငုတ်တုတ်ထိုင်နေရုံမျှမက အခြား မြေငလျင်ကြောများလည်း ရှိနေသေးတယ်။ ကျောက်ကြမ်းပြတ်ရွေ့ကြော၊ ကဘော်ပြတ်ရွေ့ကြော၊ ရွှေတြိဂံပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့ စသဖြင့် ရှိနေပါသေးတယ်။ မိုးကောင်း၊ မိုးညှင်း၊ စစ်ကိုင်း၊ အင်းဝ၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မြစ်သား၊ နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊ သုံးခွစသော မြို့များအောက်တွင် စစ်ကိုင်းငလျင်ကြော တည်ရှိပါတယ်။

စစ်ကိုင်းပြတ်ရွေ့ဟာ အလျားလိုက်ပြတ်ရွေ့ဖြစ်ပြီး တစ်နှစ်ကို ၁၈.၅ မီလီမီတာခန့် ရွေ့နေတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနားနယ်မှစပြီး စစ်ကိုင်း ဂန့်ဂေါတောင်တန်း၏ အနောက်ဘက်ခြမ်း ပဲခူးရိုမ အရှေ့ခြမ်းကို ဖြတ်၍ မုတ္တမပင်လယ်ဝထိ ရှည်ပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *