ဘ၀ခရီးမွာ အျမဲတိုးတက္ခ်င္ရင္စာဖတ္ပါ

[Zawgyi]

ဘ၀ခရီးမွာ အျမဲတိုးတက္ခ်င္ရင္ စာဖတ္ပါ
ဗဟုသုတ, လူမႈ႔ဘ၀, အေထြေထြ

“စာအုပ္စာေပ လူ႔မိတ္ေဆြ” ဆိုသလိုပဲ စာမ်ားမ်ားဖတ္ျခင္းက သင့္ကို လူမႈဆက္ဆံေရးမွာ မ်ားစြာအေထာက္အကူျပဳေစပါတယ္။

စာအုပ္တစ္အုပ္ ဖတ္လိုက္တယ္၊ အဲဒီစာအုပ္ထဲက အဓိကအေၾကာင္းအရာေတြ၊ ေပးခ်င္တဲ႕ရသေတြြကို ျပန္လည္မွ်ေဝေပးတာေၾကာင့္လည္း သင့္ကို လူခ်စ္လူခင္ေပါမ်ားေစျပီး လူပံုအလယ္မွာ ထင္ရွားေစမွာပါ။

စာမ်ားမ်ားဖတ္ေလ အသိညဏ္ပိုၾကြယ္ဝေလျဖစ္ျပီး ေအာင္ျမင္မႈပန္းတိုင္နဲ႔ ပိုနီးေလျဖစ္ပါတယ္။ ဒီေန႔ေခတ္မွာေတာ့ နိင္ငံတကာမွစာအုပ္ေတြကို အခေၾကးေပးျပီး ဝယ္ယူနိင္ရုံသာမက အခမဲ႔ေဒါင္းလုတ္ဆြဲနိင္တဲ႔ ဝက္ဆိုဒ္မ်ားလည္းရွိပါတယ္။ သြားေလရာကို စာအုပ္အထူၾကီး ယူသြားေနစရာမလိုဘဲ ဖတ္လိုတဲ႔စာအုပ္ကို မိုဘိုင္းဖုန္းေတါ၊ လက္ေတာပ့္ေတါထဲကို ထည့္သြင္းျပီး အလြယ္တကူဖတ္ရႈလို႔ရေနပါျပီ။

အေရးၾကီးတာတစ္ခုကေတာ့ သင္မွာ စာဖတ္ခ်င္တဲ႔ စိတ္ဆႏၵရွိဖို႕ပါပဲ။ သင့္မွာတကယ္လို႔ စာဖတ္ခ်င္တဲ႕ဆႏၵရွိတယ္ဆိုရင္ေတာ့ အခုေအာက္မွာေဖာ္ျပထားတဲ႔ အခ်က္မ်ားက သင္စာဖတ္ရာမွာ အေထာက္အကူမ်ားစြာျဖစ္ေစနိုင္မွာပါ။

စာအုပ္တစ္အုပ္ကို ဖတ္ျပီဆိုရင္ ပထမဆံုး မာတိကာနဲ႔ စာေရးသူအမွာစာကို ျပီးဆံုးေအာင္ဖတ္ပါ။ စာဖတ္သူအမ်ားစုဟာ စာေရးသူရဲ့ အမွာစာကိုေက်ာ္ျပီး ေနာက္က စိတ္ဝင္စားစရာမ်ားကိုသာ ေရြးခ်ယ္ဖတ္တတ္ၾကပါတယ္။ စာေရးသူရဲ့ အမွာစာမွာ သူ႔ရဲ့အေၾကာင္းနဲ႕ဘာလို႔ ဒီစာအုပ္ကိုေရးသားထားတယ္၊ ဘယ္လိုအခက္အခဲေတြနဲ႔ ၾကံဳေတြ႔ခဲ႔ရတယ္ဆိုတာ ေဖာ္ျပေပးထားပါတယ္။

အထဲမွာ ေရးထားတဲ႔စာေတြကိုေတာ့ သေဘာက်တယ္၊ စာေရးသူရဲ့အေၾကာင္းကိုေတာ့ မသိဘူးဆိုရင္ စာေရးသူကို မေလးစားရာေရာက္ပါတယ္။

သင့္ရဲ့ လက္ရွိ စိတ္အေျခအေနအတိုင္း ေရြးခ်ယ္ဖတ္သင့္ပါတယ္။ စိတ္ဓာတ္က်ေနခ်ိန္၊ အားငယ္ေနခ်ိန္မ်ားမွာ စိတ္ဓာတ္တက္ၾကြေစမယ့္ စာအုပ္မ်ားေရြးခ်ယ္ဖတ္ျခင္းက သင့္ကိုအျမန္ဆံုးနဲ႔ အေကာင္းဆံုးအေနအထားတစ္ခုကို ျပန္လည္တြန္းပို႕ေပးႏိုင္ေပမယ့္ သင္အသည္းကြဲေနခ်ိန္မွာ ရုိမန္႔တစ္ဆန္တဲ႔အခ်စ္ဝတၱဳတစ္ပုဒ္ကို ေရြးခ်ယ္ဖတ္မိတယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ ပိုျပီးစိတ္ညစ္ရမွာပါ။

ဒီအတြက္ေၾကာင့္ သင့္စိတ္အေျခအေနအေပၚမူတည္ျပီး ေရြးခ်ယ္တတ္ဖို႕ကလည္း အေရးၾကီးပါတယ္။

ဒီစာအုပ္ကို သင္ ဘယ္ေလာက္ထိဖတ္မွာလဲ။ တစ္ထိုင္တည္း အျပီးဖတ္မလား။ ဒါမွမဟုတ္ တစ္ေန႕နဲနဲခ်င္းစီဖတ္မလားဆိုတာ သင္ကိုယ္တိုင္ေရြးခ်ယ္ပါ။ သင္ဖတ္ေနတာ ဝတၱဳတစ္အုပ္ဆိုရင္ တစ္ခါတည္းအျပီးဖတ္တာ အဆင္ေျပေပမယ့္ အေတြးအေခၚပိုင္း၊ ပညာရပ္ပိုင္းနဲ႔ဆိုင္တဲ႔ စာအုပ္တစ္အုပ္ကို ဖတ္ေနတာဆိုရင္ေတာ့ ကိုယ္မွတ္မိနိုင္မယ့္ ပမာဏေလာက္သာ ဖတ္ျခင္းက အေကာင္းဆံုးပါပဲ။

စာဖတ္ရင္း ကိုုယ့္အတြက္အသံုးတည့္မယ့္ အေၾကာင္းအရာမ်ားကို တစ္ခါတည္းမွွတ္သားတတ္ပါေစ။ ေရာင္စံုခဲတံမ်ား အသံုးျပဳျပီးမွတ္သားျခင္း ဒါမွမဟုတ္ မွတ္သားလိုတဲ႔အေၾကာင္းအရာမ်ားကို စာအုပ္တစ္အုပ္ထဲမွာ ေရးသားထားတာက စာအုပ္ထဲကအေရးအသားေတြကို အေတြးအေခၚမ်ားအျဖစ္ ဦးေႏွာက္ထဲ ေရာက္ေစမွာပါ။

စာဖတ္သူအမ်ားစုက အေၾကာင္းအရာတစ္ခုကိုဖတ္ျပီး မၾကာမီ ေမ့ေပ်ာက္သြားတတ္ၾကပါတယ္။ ဒါဟာ စဖတ္ကတည္းက အလ်င္အျမန္နဲ႔ အေပၚယံသာဖတ္ျခင္းေၾကာင့္ပဲျဖစ္ပါတယ္။

ဖတ္ထားသမွ်ကို မွတ္မိေနေစဖို႕အတြက္ တစ္ေန႕တာ ဖတ္ထားသမွ် အေၾကာင္းအရာေတြကို သင္မအိပ္ခင္ ျပန္ျပီး စဥ္းစားၾကည့္ေပးပါ။ ဒီလိုလုပ္တာက စာအုပ္ေတြ ေပ်ာက္သြားရင္ေတာင္ စာအုပ္ထဲမွာပါတဲ႔အေၾကာင္းအရာေတြကို သင့္ရဲ့မွတ္ညဏ္ထဲမွာ သံမႈိလို စြဲျမဲေနေစမွာ ျဖစ္ပါတယ္။

Crd

[Unicode]

ဘဝခရီးမှာ အမြဲတိုးတက်ချင်ရင် စာဖတ်ပါ
ဗဟုသုတ, လူမှု့ဘဝ, အထွေထွေ

“စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုသလိုပဲ စာများများဖတ်ခြင်းက သင့်ကို လူမှုဆက်ဆံရေးမှာ များစွာအထောက်အကူပြုစေပါတယ်။

စာအုပ်တစ်အုပ် ဖတ်လိုက်တယ်၊ အဲဒီစာအုပ်ထဲက အဓိကအကြောင်းအရာတွေ၊ ပေးချင်တဲ့ရသတွွေကို ပြန်လည်မျှဝေပေးတာကြောင့်လည်း သင့်ကို လူချစ်လူခင်ပေါများစေပြီး လူပုံအလယ်မှာ ထင်ရှားစေမှာပါ။

စာများများဖတ်လေ အသိညဏ်ပိုကြွယ်ဝလေဖြစ်ပြီး အောင်မြင်မှုပန်းတိုင်နဲ့ ပိုနီးလေဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ နိင်ငံတကာမှစာအုပ်တွေကို အခကြေးပေးပြီး ဝယ်ယူနိင်ရုံသာမက အခမဲ့ဒေါင်းလုတ်ဆွဲနိင်တဲ့ ဝက်ဆိုဒ်များလည်းရှိပါတယ်။ သွားလေရာကို စာအုပ်အထူကြီး ယူသွားနေစရာမလိုဘဲ ဖတ်လိုတဲ့စာအုပ်ကို မိုဘိုင်းဖုန်းတေါ၊ လက်တောပ့်တေါထဲကို ထည့်သွင်းပြီး အလွယ်တကူဖတ်ရှုလို့ရနေပါပြီ။

အရေးကြီးတာတစ်ခုကတော့ သင်မှာ စာဖတ်ချင်တဲ့ စိတ်ဆန္ဒရှိဖို့ပါပဲ။ သင့်မှာတကယ်လို့ စာဖတ်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင်တော့ အခုအောက်မှာဖော်ပြထားတဲ့ အချက်များက သင်စာဖတ်ရာမှာ အထောက်အကူများစွာဖြစ်စေနိုင်မှာပါ။

စာအုပ်တစ်အုပ်ကို ဖတ်ပြီဆိုရင် ပထမဆုံး မာတိကာနဲ့ စာရေးသူအမှာစာကို ပြီးဆုံးအောင်ဖတ်ပါ။ စာဖတ်သူအများစုဟာ စာရေးသူရဲ့ အမှာစာကိုကျော်ပြီး နောက်က စိတ်ဝင်စားစရာများကိုသာ ရွေးချယ်ဖတ်တတ်ကြပါတယ်။

စာရေးသူရဲ့ အမှာစာမှာ သူ့ရဲ့အကြောင်းနဲ့ဘာလို့ ဒီစာအုပ်ကိုရေးသားထားတယ်၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတာ ဖော်ပြပေးထားပါတယ်။ အထဲမှာ ရေးထားတဲ့စာတွေကိုတော့ သဘောကျတယ်၊ စာရေးသူရဲ့အကြောင်းကိုတော့ မသိဘူးဆိုရင် စာရေးသူကို မလေးစားရာရောက်ပါတယ်။

သင့်ရဲ့ လက်ရှိ စိတ်အခြေအနေအတိုင်း ရွေးချယ်ဖတ်သင့်ပါတယ်။ စိတ်ဓာတ်ကျနေချိန်၊ အားငယ်နေချိန်များမှာ စိတ်ဓာတ်တက်ကြွစေမယ့် စာအုပ်များရွေးချယ်ဖတ်ခြင်းက သင့်ကိုအမြန်ဆုံးနဲ့ အကောင်းဆုံးအနေအထားတစ်ခုကို ပြန်လည်တွန်းပို့ပေးနိုင်ပေမယ့် သင်အသည်းကွဲနေချိန်မှာ ရိုမန့်တစ်ဆန်တဲ့အချစ်ဝတ္တုတစ်ပုဒ်ကို ရွေးချယ်ဖတ်မိတယ်ဆိုရင်တော့ သင့်အနေနဲ့ ပိုပြီးစိတ်ညစ်ရမှာပါ။

ဒီအတွက်ကြောင့် သင့်စိတ်အခြေအနေအပေါ်မူတည်ပြီး ရွေးချယ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။

ဒီစာအုပ်ကို သင် ဘယ်လောက်ထိဖတ်မှာလဲ။ တစ်ထိုင်တည်း အပြီးဖတ်မလား။ ဒါမှမဟုတ် တစ်နေ့နဲနဲချင်းစီဖတ်မလားဆိုတာ သင်ကိုယ်တိုင်ရွေးချယ်ပါ။ သင်ဖတ်နေတာ ဝတ္တုတစ်အုပ်ဆိုရင် တစ်ခါတည်းအပြီးဖတ်တာ အဆင်ပြေပေမယ့် အတွေးအခေါ်ပိုင်း၊ ပညာရပ်ပိုင်းနဲ့ဆိုင်တဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေတာဆိုရင်တော့ ကိုယ်မှတ်မိနိုင်မယ့် ပမာဏလောက်သာ ဖတ်ခြင်းက အကောင်းဆုံးပါပဲ။

စာဖတ်ရင်း ကိုယ့်အတွက်အသုံးတည့်မယ့် အကြောင်းအရာများကို တစ်ခါတည်းမှှတ်သားတတ်ပါစေ။ ရောင်စုံခဲတံများ အသုံးပြုပြီးမှတ်သားခြင်း ဒါမှမဟုတ် မှတ်သားလိုတဲ့အကြောင်းအရာများကို စာအုပ်တစ်အုပ်ထဲမှာ ရေးသားထားတာက စာအုပ်ထဲကအရေးအသားတွေကို အတွေးအခေါ်များအဖြစ် ဦးနှောက်ထဲ ရောက်စေမှာပါ။

စာဖတ်သူအများစုက အကြောင်းအရာတစ်ခုကိုဖတ်ပြီး မကြာမီ မေ့ပျောက်သွားတတ်ကြပါတယ်။ ဒါဟာ စဖတ်ကတည်းက အလျင်အမြန်နဲ့ အပေါ်ယံသာဖတ်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဖတ်ထားသမျှကို မှတ်မိနေစေဖို့အတွက် တစ်နေ့တာ ဖတ်ထားသမျှ အကြောင်းအရာတွေကို သင်မအိပ်ခင် ပြန်ပြီး စဉ်းစားကြည့်ပေးပါ။

ဒီလိုလုပ်တာက စာအုပ်တွေ ပျောက်သွားရင်တောင် စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကို သင့်ရဲ့မှတ်ညဏ်ထဲမှာ သံမှိုလို စွဲမြဲနေစေမှာ ဖြစ်ပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *