ခွေးတစ်ကောင်ဒေါ်လာ၂ သန်း နဲ့အရောင်းအဝယ်ဖြစ်

ဒီဈေးနှုန်းဟာ ကမ္ဘာပေါ်မှာ ခွေးတစ်ကောင်အတွက် ပေးခဲ့ဖူးသမျှထဲမှာ အမြင့်ဆုံးပါပဲ။

တရုတ်နိုင်ငံက အိမ်ခြံမြေသမားတစ်ဦးဟာ တိဗက်အမွှေးပွခွေး တစ်ကောင်ကို ဒေါ်လာနှစ်သန်းပေးပြီး Zhejiang ပြည်နယ် အိမ်မွေးတိရိစ္ဆာန်ပြပွဲတစ်ခုမှာ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဒီခွေးမျိုးက ခြင်္သေ့သွေးစပ်ပြီး ခွေးအမျိုးစားတွေထဲမှာ ထိပ်တန်းခွေးဖြစ်တယ်လို့လည်း ကြွားခဲ့ပါသေးတယ်။

ယခင်ကလည်း ဒီခွေးအမျိုးအစားထဲက တစ်ကောင်ကို ဒေါ်လာတစ်သန်းနဲ့ အရောင်းဝယ်ဖြစ်ခဲ့ဖူးပါတယ်။

ခွေးတစ်ကောင်ကိုဒေါ်လာ ၂သန်းထိပေးပြီး ဝယ်ခဲ့တဲ့ အခြေအနေနဲ့ ပက်သက်လို့ MarketWatch ကတော့ ပွင့်လန်းနေတဲ့ တရုတ်အိမ်ခြံမြေဈေးကွက်ရဲ့ အခြေအနေကို ပြသနေတာပဲလို့ ယူဆခဲ့ပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *