ဆရာမေလးေတြ အေဆာင္/အိမ္ငွား ပူစရာမလိုေအာင္ ရြာေဒသခံေတြက ရည္းစားစကားလိုက္ေျပာ..ညားရင္ ပူစရာမလို”ဆိုတဲ့ ပဲခူးတိုင္းဝန္ျကီးခ်ုပ္

လူမႈကြန္ယက္ေဖ့ဘုတ္စ္ စာမ်က္နွာထက္မွာ ပဲခူးတိုင္းေဒသျကီးဝန္ျကီးခ်ုပ္ ဦးဝင္းသိန္းရဲ႕ ေျပာဆိုမႈ စကားတခ်ို့ အမ်ားျပည္သူထံမွ ေဝဖန္ ကန့္ကြက္သံေတြ ထြက္ေပါ္လို့ လာေနပါတယ္။

ပဲခူးတိုင္းေဒသျကီးဝန္ျကီးခ်ုပ္ ဦးဝင္းသိန္းဟာ ၂၀၁၉ ေအာက္တိုဘာ ၅ရက္ေန့ ဒမငယ္သစ္ခ်ိဳၿခံ လူထုေတြ႕ဆုံပြဲမွာ ေျပာဆိုခဲ့တဲ့ အေျကာင္းအရာထဲမွ စကားအခ်ို့ကို ကန့္ကြက္ေနျကတာ ျဖစ္တယ္လို့ သိရပါတယ္။

“ပညာေရးအတြက္ ရတက္မေအးရွာေလသူ”

“စာသင္ေက်ာင္းေတြမွာ ရပ္ေဝးက ဆရာမေတြအတြက္ ေဘာ္ဒါေဆာင္ေတြ ဘာေတြက တကယ္ေတာ့ ပူစရာမလိုပါဘူး။

တာဝန္က်တဲ့ ေနရာက ေဒသခံလူငယ္ေလးေတြကို ရည္းစားစကား လိုက္ေျပာခိုင္းလိုက္ေပါ့ ဒါမွ တကယ္လို႔ ညားသြားခဲ့ရင္ အိမ္ငွားေနစရာ မလိုေတာ့သလို ေဘာ္ဒါေဆာင္လည္း မလိုေတာ့ဘူးေပါ့”

ဦးဝင္းသိန္း(ပဲခူးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္) ဒမငယ္သစ္ခ်ိဳၿခံ လူထုေတြ႕ဆုံပြဲ အမွာစကား. .၂၀၁၉ ေအာက္တိုဘာ ၅ရက္ ဆိုတဲ့ ပို့စ္တက္လာျပီး ေနာက္ပိုင္း အသံဖိုင္လည္း ထြက္ေပါ္လာခဲ့ပါတယ္။

ဒါ႔အျပင္ ဦးဝင္းသိန္းသို့ ေပးစာတစ္ေစာင္ဟူေသာ လူမႈကြန္ယက္ေပါ္မွာ ေရးသားေဖါ္ျပလာေသာ ပို့စ္တစ္ခုဟာ အမ်ားျပည္သူမွ မွ်ေဝေထာက္ခံမႈေတြ အမ်ားအျပား ရရွိေနသျဖင့္ ေဖါ္ျပေပးလိုက္ပါတယ္။

ဦးဝင္းသိန္းသုိ႔ ဆရာမအတြက္ ကြ်န္ေတာ္၏ ေပးစာတစ္ေစာင္ ဒီလုိတင္ထားတာ ေတြ႕လုိ႔ပါ (ပညာေရးအတြက္ ရတက္မေအးရွာေလသူ)

စာသင္ေက်ာင္းေတြမွာ ရပ္ေဝးက ဆရာမေတြအတြက္ ေဘာ္ဒါေဆာင္ေတြ ဘာေတြက တကယ္ေတာ့ ပူစရာမလိုပါဘူး။ တာဝန္က်တဲ့ ေနရာက ေဒသခံလူငယ္ေလးေတြကို ရည္းစားစကား လိုက္ေျပာခိုင္းလိုက္ေပါ့

ဒါမွ တကယ္လို႔ ညားသြားခဲ့ရင္ အိမ္ငွားေနစရာ မလိုေတာ့သလို ေဘာ္ဒါေဆာင္လည္း မလိုေတာ့ဘူးေပါ့”ဦးဝင္းသိန္း(ပဲခူးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္) ဒမငယ္သစ္ခ်ိဳၿခံ လူထုေတြ႕ဆုံပြဲ အမွာစကား၂၀၁၉ ေအာက္တိုဘာ ၅ရက္)

ဦးဝင္းသိန္းေရ ေက်ာင္းဆရာမေတြ လင္ရွာ ထြက္တာမဟုတ္ဘူးဗ်။ သင္စရာ အတြက္ ကေလးေတြဆီသြားတာပါဗ်ာ် ။ဦးဝင္းသိန္းေရ ေက်ာင္းဆရာမေတြရဲ႕ အရွက္တရား က

အပ်က္သမားလုိ အညွာ သိပ္လြယ္တယ္ ထင္သလား။ သိကၡာအတြက္ဆုိ အသက္ကုိေတာင္ရင္းမယ္ အိေႁႏၵရွင္ေတြဆုိတာ ခင္ဗ်ား သိရင္ေကာင္းမယ္။

ဦးဝင္းသိန္းေရ ျမန္မာဓေလ့ အေၾကာင္း ေကာင္းေကာင္း သိေအာင္ ခင္ဗ်ားကုိ ေျပာျပရဦးမယ္ဗ်။ရပ္ရြာေဒသေတြဆုိတာ ဆရာသမားကုိ သိပ္ရုိေသၾကသဗ်။

” ေဟ့ငါတုိ႔ရြာက ကေလးေတြကုိ စာတတ္ေအာင္ လာၿပီး သင္ေပးတဲ႔ ဆရာမေလးေတြကုိ ဝုိင္းဝန္းေစာင့္ေရွာက္ၾကပါကြ။ ေစာင့္ေရွာက္တဲ႔အခါလည္း အေမလုိ အမလုိ ႏွမေလးလုိ ေစာင့္ေရွာက္ၾကကြဲ႕။

စိတ္နဲ႔ေတာင္ မျပစ္မွားၾကနဲ႔။ ငါတုိ႔ရြာကုိ မိေဝးဖေဝး တစ္နယ္တစ္ေက်းက လာၿပီး စာသင္ေပးတဲ႔ ဆရာမေလး ငါတုိ႔မွ မေစာင့္ေရွာက္ရင္ ဘယ္သူေစာင့္ေရွာက္မလဲ။

တကယ္လုိ႔ အျခားရြာသူရြာသားမ်ားက ဆရာမေလးေတြကုိ ထိကပါးရိကပါး လုပ္ရင္ တုိ႔ကေတာင္ ကာကြယ္ေပးရမယ္ မဟုတ္လား။ အဲ႔ဒီေတာ့ ငါတုိ႔ရြာသားေတြ ဆရာမေလးေတြကုိ စိတ္အေႏွာက္အယွက္ ျဖစ္ေအာင္ မလုပ္မိၾကေစနဲ႔။

အဓိက ငါမွာခ်င္တာေတာ့ အပ်ဳိလူပ်ဳိ ပုိးၾကပန္းၾကမယ္ ဆုိရင္ေတာင္ သင့္ေတာ္၏ မသင့္ေတာ္၏ အႀကိမ္ႀကိမ္စဥ္းစားၾကကြဲ႕။ ဆရာမေလးေတြ အေနမခက္ၾကေစနဲ႔ ဟုတ္လား။

ရြာကုိ ဆရာမတစ္ေယာက္ က်ဖုိ႔ ဘယ္လုိေလွ်ာက္သလဲဆုိတာ မင္းတုိ႔အသိဘဲ မဟုတ္လား။ ကုိယ္႔ေၾကာင့္ ကုိယ့္ရြာက ကေလးေတြ ဒုကၡမေရာက္ေစနဲ႔။

ဒါဟာ ေရွးေရွးတုန္းက ရြာလူႀကီးမ်ားရဲ႕ စကားပါ ဦးဝင္းသိန္း။ အခုထက္ထိ ကြ်န္ေတာ္တုိ႔ နယ္ေတြမွာ လက္ဆင့္ကမ္း သယ္ေဆာင္ထားတုန္းပါဘဲ။

ဆရာမအသစ္ေလးေတြ ေရာက္လာရင္ ရြာလူႀကီးက အစည္းအေဝးေခၚၿပီးေတာ့ကုိ ေျပာတာပ။

ခင္ဗ်ားဟာ အခုေတာ့ဗ်ာ။ ေက်းရြာေတြမွာရွိတဲ႔ ယဥ္ေက်းမႈ ဓေလ့ထုံးစံ ဂါရဝတရားေတြကုိမွ မေထာက္။

ရပ္ေဝးတစ္နယ္တစ္ေက်းက ခုိကုိးမဲ႔ေနတဲ႔ ဆရာမေလးေတြကုိ ရြာ လူပ်ဳိတစ္သုိက္နဲ႔ ႏြားၿမဳိင္လုိက္သလုိ လုိက္ခုိင္းတာေတာ့ ခင္ဗ်ား အႀကီးအကဲတစ္ေယာက္ ဟုတ္ပါေလစ။

ခင္မ်ားစကားဟာ နယ္အစြန္ နယ္အဖ်ားေတြမွာ တာဝန္က်ေနတဲ႔ ဆရာမေလးေတြ အတြက္ အလြန္ရင္ေလးစရာပါ။

” ေဟ့ ဝန္ႀကီးခ်ဳပ္ကုိယ္တုိင္က အားေပးအားေျမွာက္ျပဳေနၿပီကြ မရမက ယူၾကစုိ႔” မခက္ေခ်ဘူးလား။ အခုေခတ္ကလည္း မုဒိမ္းမႈေတြက ေပါပါဘိသနဲ႔။

ခင္ဗ်ားစကားဟာ ဆရာမေလးေတြရဲ႕ ဂုဏ္သိကၡာကုိ ေစာ္ကားလုိက္တာ ဆရာမေလးေတြရဲ႕ ကာယအိေႁႏၵလုပ္ၿခဳံမႈကုိ ရုိက္ခ်ဳိးလုိက္တာ ဆရာမေလးေတြရဲ႕ စာသင္ျခင္းတာဝန္ထက္ လင္ယူသားေမြးေရး လုပ္ၾကလုိ႔ေျပာလုိက္တာ။

ၿပီးေတာ့ ေဒသခံေတြရဲ႕ ရုိးသားမႈကုိ အဆိပ္ခတ္လုိက္တာ ေဒသခံေတြရဲ႕ ဆရာ/ဆရာမေတြ အေပၚထားတဲ႔ ဂါရဝတရားေတြကုိ ရုိက္ခ်ဳိးလုိက္တာ ေဒသခံေတြရဲ႕ ဓေလ့ထုံးတမ္း အစဥ္အလာေတြကုိ ဖ်က္ဆီးလုိက္တာ

ေဒသခံေတြ ဇက္ရဲလက္ရဲ ျဖစ္ေအာင္ ေျမာက္ထုိးပင့္ေကာ္လုပ္ေပးလုိက္တာ (တစ္နည္း) သြယ္ဝုိက္ျခင္းျဖင့္ မုဒိမ္းမႈေတြ က်ဴးလြန္ေအာင္ လွဳံ႕ေဆာ္ေနတာ

ေဒသခံေတြ ရဲ႕ ေဒသေတြဆီ ဆရာမေလးေတြ တာဝန္သြားထမ္းေဆာင္ဖုိ႔ မဝံ႔ရဲေအာင္ တမင္လုပ္လုိက္တာမ်ားလားလုိ႔ ေတြးမိပါေတာ့သည္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

လူမှုကွန်ယက်ဖေ့ဘုတ်စ် စာမျက်နှာထက်မှာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ ပြောဆိုမှု စကားတချို့ အများပြည်သူထံမှ ဝေဖန် ကန့်ကွက်သံတွေ ထွက်ပေါ်လို့ လာနေပါတယ်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ ၂၀၁၉ အောက်တိုဘာ ၅ရက်နေ့ ဒမငယ်သစ်ချိုခြံ လူထုတွေ့ဆုံပွဲမှာ ပြောဆိုခဲ့တဲ့ အကြောင်းအရာထဲမှ စကားအချို့ကို ကန့်ကွက်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

“ပညာရေးအတွက် ရတက်မအေးရှာလေသူ”

“စာသင်ကျောင်းတွေမှာ ရပ်ဝေးက ဆရာမတွေအတွက် ဘော်ဒါဆောင်တွေ ဘာတွေက တကယ်တော့ ပူစရာမလိုပါဘူး။

တာဝန်ကျတဲ့ နေရာက ဒေသခံလူငယ်လေးတွေကို ရည်းစားစကား လိုက်ပြောခိုင်းလိုက်ပေါ့ ဒါမှ တကယ်လို့ ညားသွားခဲ့ရင် အိမ်ငှားနေစရာ မလိုတော့သလို ဘော်ဒါဆောင်လည်း မလိုတော့ဘူးပေါ့”

ဦးဝင်းသိန်း(ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်) ဒမငယ်သစ်ချိုခြံ လူထုတွေ့ဆုံပွဲ အမှာစကား. .၂၀၁၉ အောက်တိုဘာ ၅ရက် ဆိုတဲ့ ပို့စ်တက်လာပြီး နောက်ပိုင်း အသံဖိုင်လည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒါ့အပြင် ဦးဝင်းသိန်းသို့ ပေးစာတစ်စောင်ဟူသော လူမှုကွန်ယက်ပေါ်မှာ ရေးသားဖေါ်ပြလာသော ပို့စ်တစ်ခုဟာ အများပြည်သူမှ မျှဝေထောက်ခံမှုတွေ အများအပြား ရရှိနေသဖြင့် ဖေါ်ပြပေးလိုက်ပါတယ်။

ဦးဝင်းသိန်းသို့ ဆရာမအတွက် ကျွန်တော်၏ ပေးစာတစ်စောင် ဒီလိုတင်ထားတာ တွေ့လို့ပါ (ပညာရေးအတွက် ရတက်မအေးရှာလေသူ)

စာသင်ကျောင်းတွေမှာ ရပ်ဝေးက ဆရာမတွေအတွက် ဘော်ဒါဆောင်တွေ ဘာတွေက တကယ်တော့ ပူစရာမလိုပါဘူး။ တာဝန်ကျတဲ့ နေရာက ဒေသခံလူငယ်လေးတွေကို ရည်းစားစကား လိုက်ပြောခိုင်းလိုက်ပေါ့

ဒါမှ တကယ်လို့ ညားသွားခဲ့ရင် အိမ်ငှားနေစရာ မလိုတော့သလို ဘော်ဒါဆောင်လည်း မလိုတော့ဘူးပေါ့”ဦးဝင်းသိန်း(ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်) ဒမငယ်သစ်ချိုခြံ လူထုတွေ့ဆုံပွဲ အမှာစကား၂၀၁၉ အောက်တိုဘာ ၅ရက်)

ဦးဝင်းသိန်းရေ ကျောင်းဆရာမတွေ လင်ရှာ ထွက်တာမဟုတ်ဘူးဗျ။ သင်စရာ အတွက် ကလေးတွေဆီသွားတာပါဗျာျ ။ဦးဝင်းသိန်းရေ ကျောင်းဆရာမတွေရဲ့ အရှက်တရား က

အပျက်သမားလို အညှာ သိပ်လွယ်တယ် ထင်သလား။ သိက္ခာအတွက်ဆို အသက်ကိုတောင်ရင်းမယ် အိနြေ္ဒရှင်တွေဆိုတာ ခင်ဗျား သိရင်ကောင်းမယ်။

ဦးဝင်းသိန်းရေ မြန်မာဓလေ့ အကြောင်း ကောင်းကောင်း သိအောင် ခင်ဗျားကို ပြောပြရဦးမယ်ဗျ။ရပ်ရွာဒေသတွေဆိုတာ ဆရာသမားကို သိပ်ရိုသေကြသဗျ။

” ဟေ့ငါတို့ရွာက ကလေးတွေကို စာတတ်အောင် လာပြီး သင်ပေးတဲ့ ဆရာမလေးတွေကို ဝိုင်းဝန်းစောင့်ရှောက်ကြပါကွ။ စောင့်ရှောက်တဲ့အခါလည်း အမေလို အမလို နှမလေးလို စောင့်ရှောက်ကြကွဲ့။

စိတ်နဲ့တောင် မပြစ်မှားကြနဲ့။ ငါတို့ရွာကို မိဝေးဖဝေး တစ်နယ်တစ်ကျေးက လာပြီး စာသင်ပေးတဲ့ ဆရာမလေး ငါတို့မှ မစောင့်ရှောက်ရင် ဘယ်သူစောင့်ရှောက်မလဲ။

တကယ်လို့ အခြားရွာသူရွာသားများက ဆရာမလေးတွေကို ထိကပါးရိကပါး လုပ်ရင် တို့ကတောင် ကာကွယ်ပေးရမယ် မဟုတ်လား။ အဲ့ဒီတော့ ငါတို့ရွာသားတွေ ဆရာမလေးတွေကို စိတ်အနှောက်အယှက် ဖြစ်အောင် မလုပ်မိကြစေနဲ့။

အဓိက ငါမှာချင်တာတော့ အပျိုလူပျို ပိုးကြပန်းကြမယ် ဆိုရင်တောင် သင့်တော်၏ မသင့်တော်၏ အကြိမ်ကြိမ်စဉ်းစားကြကွဲ့။ ဆရာမလေးတွေ အနေမခက်ကြစေနဲ့ ဟုတ်လား။

ရွာကို ဆရာမတစ်ယောက် ကျဖို့ ဘယ်လိုလျှောက်သလဲဆိုတာ မင်းတို့အသိဘဲ မဟုတ်လား။ ကိုယ့်ကြောင့် ကိုယ့်ရွာက ကလေးတွေ ဒုက္ခမရောက်စေနဲ့။

ဒါဟာ ရှေးရှေးတုန်းက ရွာလူကြီးများရဲ့ စကားပါ ဦးဝင်းသိန်း။ အခုထက်ထိ ကျွန်တော်တို့ နယ်တွေမှာ လက်ဆင့်ကမ်း သယ်ဆောင်ထားတုန်းပါဘဲ။

ဆရာမအသစ်လေးတွေ ရောက်လာရင် ရွာလူကြီးက အစည်းအဝေးခေါ်ပြီးတော့ကို ပြောတာပ။

ခင်ဗျားဟာ အခုတော့ဗျာ။ ကျေးရွာတွေမှာရှိတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ ဂါရဝတရားတွေကိုမှ မထောက်။

ရပ်ဝေးတစ်နယ်တစ်ကျေးက ခိုကိုးမဲ့နေတဲ့ ဆရာမလေးတွေကို ရွာ လူပျိုတစ်သိုက်နဲ့ နွားမြိုင်လိုက်သလို လိုက်ခိုင်းတာတော့ ခင်ဗျား အကြီးအကဲတစ်ယောက် ဟုတ်ပါလေစ။

ခင်များစကားဟာ နယ်အစွန် နယ်အဖျားတွေမှာ တာဝန်ကျနေတဲ့ ဆရာမလေးတွေ အတွက် အလွန်ရင်လေးစရာပါ။

” ဟေ့ ဝန်ကြီးချုပ်ကိုယ်တိုင်က အားပေးအားမြှောက်ပြုနေပြီကွ မရမက ယူကြစို့” မခက်ချေဘူးလား။ အခုခေတ်ကလည်း မုဒိမ်းမှုတွေက ပေါပါဘိသနဲ့။

ခင်ဗျားစကားဟာ ဆရာမလေးတွေရဲ့ ဂုဏ်သိက္ခာကို စော်ကားလိုက်တာ ဆရာမလေးတွေရဲ့ ကာယအိနြေ္ဒလုပ်ခြုံမှုကို ရိုက်ချိုးလိုက်တာ ဆရာမလေးတွေရဲ့ စာသင်ခြင်းတာဝန်ထက် လင်ယူသားမွေးရေး လုပ်ကြလို့ပြောလိုက်တာ။

ပြီးတော့ ဒေသခံတွေရဲ့ ရိုးသားမှုကို အဆိပ်ခတ်လိုက်တာ ဒေသခံတွေရဲ့ ဆရာ/ဆရာမတွေ အပေါ်ထားတဲ့ ဂါရဝတရားတွေကို ရိုက်ချိုးလိုက်တာ ဒေသခံတွေရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို ဖျက်ဆီးလိုက်တာ

ဒေသခံတွေ ဇက်ရဲလက်ရဲ ဖြစ်အောင် မြောက်ထိုးပင့်ကော်လုပ်ပေးလိုက်တာ (တစ်နည်း) သွယ်ဝိုက်ခြင်းဖြင့် မုဒိမ်းမှုတွေ ကျူးလွန်အောင် လှုံ့ဆော်နေတာ

ဒေသခံတွေ ရဲ့ ဒေသတွေဆီ ဆရာမလေးတွေ တာဝန်သွားထမ်းဆောင်ဖို့ မဝံ့ရဲအောင် တမင်လုပ်လိုက်တာများလားလို့ တွေးမိပါတော့သည်။ ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *