၆ လအတြင္းတရက္မွမနားခဲ႔ရဘူးတဲ႔…🤭🤭 ဗီရာ ကုိ ယွဥ္ၿပီးထုိးႏုိင္ဖုိ႔ ၾကိဳးစားေလ့က်င့္ခဲ႔ရပံုေတြကိုေျပာျပလာတဲ႔ ေအာင္လအန္ဆန္း(အျပည့္အစံုဖတ္ရန္ ပံုကိုႏွိပ္ပါ)

လာမယ့္ တနဂၤေႏြေန႔မွာ ဖိလစ္ပုိင္တုိင္ခုိက္ေရးသမား ဘရန္ဒန္ဗီရာနဲ႔ ယွဥ္ၿပိဳင္ထုိးသတ္ရမယ့္ ေအာင္လအန္ဆန္ က သူ႕အေနနဲ႔ ဒီပြဲအတြက္ ၿပီးခဲ့တဲ့ (၆)လလုံး နားရက္တစ္ရက္မွ မယူပဲ ႀကိဳးစားခဲ့ရတယ္လုိ႔ ဖြင့္ဟလုိက္ပါတယ္။

ဂ်ပန္တုိက္ခုိက္ေရးသမား ဟာဆီဂါ၀ါ ကုိ အႏုိင္ယူခဲ့တဲ့ ပြဲအၿပီးကတည္းက ဗီရာနဲ႔ပြဲအတြက္ ျပင္ဆင္ခဲ့တာျဖစ္တယ္လုိ႔ ေအာင္လအန္ဆန္ က ဂ်ပန္မွာျပဳလုပ္ခဲ့တဲ့ ပြဲႀကိဳ အင္တာဗ်ဴးအစီအစဥ္မွာ ေျပာဆုိသြားခဲ့တာပါ။

လုိက္ဟဲဗီး၀ိတ္ခ်န္ပီယံဆု ပုိင္ရွင္ ေအာင္လအန္ဆန္ ဟာ သူ႕ထက္ ၀ိတ္တန္းျမင့္တဲ့ ဟဲဗီး၀ိတ္ခ်န္ပီယံ ဗီရာ ကုိ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ျမန္မာ့စပါးအုံးအတြက္ လြယ္ကူတဲ့ ပြဲစဥ္တစ္ပြဲေတာ့ မဟုတ္ဘူးလုိ႔ ပရိသတ္ေတြက သုံးသပ္ေနၾကပါတယ္။

ေအာင္လအန္ဆန္ က ပြဲႀကိဳအင္တာဗ်ဴးမွာ “ဒီပြဲျဖစ္လာဖုိ႔ စိန္ေခၚခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ္က ခင္ဗ်ားရဲ႕ ပရိသတ္တစ္ေယာက္ျဖစ္ခဲ့ၿပီး အေမရိကန္မွာ တကၠသုိလ္တက္ေနခ်ိန္ကတည္းက ခင္ဗ်ားရဲ႕ပြဲေတြကုိ ၾကည့္ရင္းအားေပးခဲ့တာပါ” လုိ႔ ေျပာဆုိလုိက္ပါတယ္။

ေအာင္လနဲ႔ပြဲစဥ္အတြက္ ဖုိက္တာႀကီး The Rock ဆီကေတာင္ အႀကံဥာဏ္ယူခဲ့တယ္ဆုိတဲ့ ဗီရာ ကေတာ့ သူ႕အေနနဲ႔ ႏွစ္ထပ္ကြမ္းခ်န္ပီယံဆု ျဖစ္ဖုိ႔ အခြင့္အေရးကုိ လက္လႊတ္မွာမဟုတ္ေၾကာင္းနဲ႔ သူ႕ဘ၀ရဲ႕အႀကီးက်ယ္ အခမ္းနားဆုံး ပြဲစဥ္တစ္ပြဲ ျဖစ္လာလိမ့္မယ္ ဆုိတဲ့အေၾကာင္း မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

ေအာင္လအန္ဆန္နဲ႔ ဗီရာတုိ႔ရဲ႕ ပြဲစဥ္ကုိ လာမယ့္တနဂၤေႏြေန႔ ျမန္မာစံေတာ္ခ်ိန္ ေန႔လည္(၂း၃၀)မွာ ထုိးသတ္မွာျဖစ္ၿပီး SkyNet ကေန တုိက္ရုိက္ထုတ္လႊင့္ျပသေပးသြားမွာပါ။

ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

လာမယ့် တနင်္ဂနွေနေ့မှာ ဖိလစ်ပိုင်တိုင်ခိုက်ရေးသမား ဘရန်ဒန်ဗီရာနဲ့ ယှဉ်ပြိုင်ထိုးသတ်ရမယ့် အောင်လအန်ဆန် က သူ့အနေနဲ့ ဒီပွဲအတွက် ပြီးခဲ့တဲ့ (၆)လလုံး နားရက်တစ်ရက်မှ မယူပဲ ကြိုးစားခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ဂျပန်တိုက်ခိုက်ရေးသမား ဟာဆီဂါဝါ ကို အနိုင်ယူခဲ့တဲ့ ပွဲအပြီးကတည်းက ဗီရာနဲ့ပွဲအတွက် ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ အောင်လအန်ဆန် က ဂျပန်မှာပြုလုပ်ခဲ့တဲ့ ပွဲကြို အင်တာဗျူးအစီအစဉ်မှာ ပြောဆိုသွားခဲ့တာပါ။

လိုက်ဟဲဗီးဝိတ်ချန်ပီယံဆု ပိုင်ရှင် အောင်လအန်ဆန် ဟာ သူ့ထက် ဝိတ်တန်းမြင့်တဲ့ ဟဲဗီးဝိတ်ချန်ပီယံ ဗီရာ ကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး မြန်မာ့စပါးအုံးအတွက် လွယ်ကူတဲ့ ပွဲစဉ်တစ်ပွဲတော့ မဟုတ်ဘူးလို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။

အောင်လအန်ဆန် က ပွဲကြိုအင်တာဗျူးမှာ “ဒီပွဲဖြစ်လာဖို့ စိန်ခေါ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ခင်ဗျားရဲ့ ပရိသတ်တစ်ယောက်ဖြစ်ခဲ့ပြီး အမေရိကန်မှာ တက္ကသိုလ်တက်နေချိန်ကတည်းက ခင်ဗျားရဲ့ပွဲတွေကို ကြည့်ရင်းအားပေးခဲ့တာပါ” လို့ ပြောဆိုလိုက်ပါတယ်။

အောင်လနဲ့ပွဲစဉ်အတွက် ဖိုက်တာကြီး The Rock ဆီကတောင် အကြံဉာဏ်ယူခဲ့တယ်ဆိုတဲ့ ဗီရာ ကတော့ သူ့အနေနဲ့ နှစ်ထပ်ကွမ်းချန်ပီယံဆု ဖြစ်ဖို့ အခွင့်အရေးကို လက်လွှတ်မှာမဟုတ်ကြောင်းနဲ့ သူ့ဘဝရဲ့အကြီးကျယ် အခမ်းနားဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာလိမ့်မယ် ဆိုတဲ့အကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

အောင်လအန်ဆန်နဲ့ ဗီရာတို့ရဲ့ ပွဲစဉ်ကို လာမယ့်တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် နေ့လည်(၂း၃၀)မှာ ထိုးသတ်မှာဖြစ်ပြီး SkyNet ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာပါ။

ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *