ဂျင်းဝတ်စုံတွေကို (၁၀)နှစ်လောက်ထိ မလျှော်ကြောင်း Levis သူဌေးကြီး ဖွင့်ဟပြောဆို
Zawgyiဖြင့်ဖတ်ရန်
source : ladbible.com
Unicodeဖြင့်ဖတ်ရန်
ဂျင်းဝတ်စုံတွေကို (၁၀)နှစ်လောက်ထိ မလျှော်ကြောင်း၊ Levis သူဌေးကြီး ဖွင့်ဟ
တစ်ချို့က အဝတ်တွေကို တစ်ပတ်လောက် နှစ်ပတ်လောက်နေမှ စုပြီး လျှော်တတ်ကြပါတယ်။ တစ်ချို့ကကျတော့ ဝတ်ပြီးသားကို ရေမွှေးနဲ့စွတ်ပြီး ထပ်ခါတလဲလဲ ဝတ်တတ်ကြပါတယ်။ ဒါကလည်း အဝတ်အစားတွေရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီး ခပ်ကောင်းကောင်းလို့တောင် ပြောလို့ရပါတယ်။ အထူးသဖြင့် ဂျင်းပေါ့။
ဂျင်းဝတ်စုံတွေဟာ အကြမ်းခံတယ်လို့ လူတော်တော်များများက သိထားပေမယ့်၊ သူတို့ကို ရေနဲ့ ခဏခဏ မလျှော်သင့်ဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ ဂျင်းဝတ်စုံတွေကို ခဏခဏလျှော်ဖွပ်ခြင်းဟာ ဂျင်းတွေရဲ့အရည်အသွေးတွေကို ကျဆင်းစေတာကြောင့်ပါတဲ့။ အခုလည်း ကမ္ဘာကျော်သူဌေးကြီးတစ်ယောက်ဖြစ်တဲ့ Levis ရဲ့ CEO ဖြစ်တဲ့ Chip Bergh က-
သူကိုယ်တိုင်တောင် အကြိုက်ဆုံး ဂျင်း Brand တွေကို လျှော်လေ့မရှိဘူးလို့ ဆိုပါတယ်။ သူဟာ ဆယ်နှစ်လောက်အထိ ဂျင်းတွေကို မလျှော်ပဲဝတ်ကြောင်း ဆိုပါတယ်။ သာမန်အစွန်းအထင်းလောက် ချွတ်ဖို့ရှိရင်လည်း၊ ဂျင်းတစ်ထည်လုံးကို လျှော်တာမျိုးမဟုတ်ဘဲ၊ အဲဒီအစွန်းအထင်းနေရာကို လက်နဲ့ ငြင်သာစွာပွတ်ပြီး လျှော်တယ်လို့ ဆိုပါတယ်။
ဒီလို ထုတ်ဖော်ဝန်ခံမှုကို လွန်ခဲ့တဲ့ (၅)နှစ်လောက်ကတည်းက Chip Bergh က ပြုလုပ်ခဲ့ဖူးပြီး၊ မကြာသေးခင်က CNN နဲ့တွေ့ဆုံမှုမှာလည်း၊ သူက ဆက်လက်ပြီး အလားတူဝန်ခံမှုကို ဆက်ပြီးပြုလုပ်ခဲ့ပါတယ်။ သူက ” ခင်ဗျားတို့ဘောင်းဘီတွေကို မကြာခဏ လျှော်ဖွပ်နေတာမျိုးဟာ အခုကတည်းက ရပ်တန်းက ရပ်ဖို့ သင့်ပြီ “လို့ ပြောခဲ့ပါတယ်။
သူက ” ခင်ဗျားတို့ တကယ် ကျွမ်းကျင်ပညာရှင်တွေနဲ့ မေးကြည့်မယ်ဆိုရင် သူတို့ကလည်း .. ခင်ဗျားတို့ဝတ်နေတဲ့ ဂျင်းတွေကို မလျှော်သင့်ကြောင်း အကြံပြုကြပါလိမ့်မယ် … ကျွန်တော်ကတော့ တော်ရုံတန်ရုံး အစွန်းလောက်ဆိုရင် ကိုယ့်ဘာသာ လက်နဲ့ ငြင်ငြင်သာသာ ပွတ်ပြီး လျှော်ပါတယ် … လက်နဲ့ ကျွန်တော်ကိုယ်တိုင် ပွတ်ပြီး လျှော်တာနော် …
ဆိုရရင် ကျွန်တော့် ဂျင်းထည်တွေကို ကျွန်တော် မြတ်နိုးတယ် … ဒီတော့ သူတို့ကို ကျွန်တော် ကောင်းကောင်း ဂရုစိုက်တဲ့သဘော “လို့ ပြောခဲ့ပါတယ်။ ဂျင်းထန်တွေဟာ သာမန်အားဖြင့် အကြမ်းခံတယ်လို့ လူတွေက ယူဆတာ မှန်သင့်သလောက် မှန်ပေမယ့်၊ တကယ့်အရည်အသွေးမီတဲ့ ဂျင်းမျိုးကို သဘောကျတယ်ဆိုရင်တော့ မကြာခဏ လျှော်ဖွပ်တာမျိုး ရှောင်သင့်ပါတယ်တဲ့။
Credit:လင်းသုတ (MyanmarNote)
source : ladbible.com
Leave a Reply
Your email address will not be published. Required fields are marked *